ဒီရုပ်ရှင်ကားလေးကတော့ အခုလတ်တလောမှ ပူပူနွေးနွေးထွက်ထားတဲ့ သိပ္ပံကားလေးတစ်ကားဖြစ်ပါတယ်။
ဒီကားကတော့ သိပ္ပံပညာရပ်ဆိုင်ရာ အသိပညာတို့အပြင် အခုတစ်လော ခေတ်စားနေတဲ့ artificial intelligence (AI) ရဲ့ ကောင်းခြင်းဆိုးခြင်းတွေလည်း ပြသထားတာကြောင့်မို့ ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကောင်းဖြစ်ပါတယ်
ဇာတ်လမ်းအစမှာ စစ်သားလိုဝတ်စားထားတဲ့သူတွေက လေယာဉ်ပေါ်ကနေ ဘယ်နေရာမှန်းမသိတဲ့ နေရာကို ပစ်ချခံရပြီး သတိပြန်လည်လာသောအခါတွင် မိမိတို့ရဲ့ မှတ်ဉာဏ်တို့ပါ မရှိတော့ကြောင်း သိလိုက်ရသည်။
တစ်ဆက်တည်းမှာပဲ ဘယ်ကနေပေါ်လာမှန်းမသိသော စက်ရုပ်များက အကြောင်းအရင်းမဲ့ သူတို့ကို သတ်ဖြတ်ချင်နေသောကြောင့် ပြေးလွှားနေရပြန်သည်။
နောက်မကြာမီတွင် အသံတစ်သံကင သူတို့သည် စမ်းသပ်ကွင်းတစ်ကွင်းထဲရောက်နေပြီး သူတို့က စမ်းသပ်ခံများဖြစ်ကြောင်း ပြောပြီးပျောက်သွားပြန်သည်။
သူတို့ကဘယ်သူတွေလဲ? ဘာကြောင့်ဒီထဲကို ရောက်နေတာလဲ? သူတို့ကို ဘာနဲ့စမ်းသပ်နေတာလဲ? သူတို့ဒီထဲကနေကော လွတ်မြောက်နိုင်ပါ့မလား? စသည့်မေးခွန်းများစွာဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဒီဇာတ်ကားလေးထဲမှာပဲ အတူတူအဖြေရှာကြည့်လိုက်ကြရအောင်
Leave a Reply