##unicode
ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်ရဲ့ ဆင်ခြေဖုံးအရပ်မှာ မိဘမဲ့ကောင်လေးတစ်ယောက်ရှိတယ်။
သူ့နာမည်ကရွမ်တဲ့။ သူကအဲ့ဆင်ခြေဖုံးအရပ်က တရားမဝင်ထီ(မြန်မာနိုင်ငံက ချဲတို့၊ နှစ်လုံးတို့လို)လုပ်ငန်းမှာ ကျင်လည်တယ်။
သူတို့လောကမှာက လောင်းတဲ့သူတွေရယ်၊ ကြားထဲကဒိုင်တွေရယ်၊ တကယ့်ဂေါင်သူဌေးကြီးရယ်ရှိတယ်။
ဒီလူတွေဟာအချင်းချင်းမမြင်ဖူးကြဘူး၊ သိလည်းမသိကြဘူး။ သူတို့ကိုကြားထဲက အဆက်အသွယ်လုပ်ပေးတာက
ရွမ်တို့လိုကလေးတွေ။
ဘယ်သူကဘယ်ဂဏန်းကိုဘယ်လောက်ဖိုးထိုးမယ်ဆိုတာကို ရွမ်တို့ကဒိုင်တွေဆီသွားထိုးပေး၊ ဒိုင်တွေကမှတစ်ဆင့်
သူဌေးတွေဆီပို့ပေးရတာ။ အဲ့လိုလုပ်ပေးရင်း ရွမ်တို့လည်းမုန့်ဖိုးလေးဘာလေးရပေါ့။
ပေါက်သွားရင်တော့ မုန့်ဖိုးမြိုးမြိုးမြတ်မြတ်လေးရတာပေါ့။ ရွမ်ကဒီလိုကြုံရာကျပန်းလုပ်နေရပေမဲ့ သူ့မှာအိပ်မက်တစ်ခုရှိတယ်။
သူ့မိဘတွေနဲ့ပြန်ဆုံစည်းဖို့။ တစ်နေ့မှာ သူ့မိဘတွေသူ့ကိုပြန်လာခေါ်မယ်လို့ပဲ ယုံကြည်ပြီးဘဝကိုရှေ့ဆက်နေတယ်။
တစ်နေ့မှာတော့ သူ့နယ်မြေကို လာလုတဲ့ကောင်လေးတစ်ယောက်ရောက်လာတဲ့အခါမှာတော့ ရွမ်တစ်ယောက်
သူ့ပိုက်ဆံရရာအလုပ်လေးကို ဆက်လုပ်နိုင်ဦးမလား။ သူ့မိဘတွေနဲ့ရော ပြန်ဆုံစည်းရမလား၊
လောင်းကစားက လူ့ဘဝတွေအပေါ် ဘယ်လိုသက်ရောက်နေလဲ ဆိုတာတွေကို ကြည့်ရှုခံစားကြရမှာပါ
##zawgyi
ဗီယက္နမ္ႏိုင္ငံ၊ ဟိုခ်ီမင္းၿမိဳ႕ေတာ္ရဲ႕ ဆင္ေျခဖုံးအရပ္မွာ မိဘမဲ့ေကာင္ေလးတစ္ေယာက္ရွိတယ္။
သူ႔နာမည္က႐ြမ္တဲ့။ သူကအဲ့ဆင္ေျခဖုံးအရပ္က တရားမဝင္ထီ(ျမန္မာႏိုင္ငံက ခ်ဲတို႔၊ ႏွစ္လုံးတို႔လို)လုပ္ငန္းမွာ က်င္လည္တယ္။
သူတို႔ေလာကမွာက ေလာင္းတဲ့သူေတြရယ္၊ ၾကားထဲကဒိုင္ေတြရယ္၊ တကယ့္ေဂါင္သူေဌးႀကီးရယ္ရွိတယ္။
ဒီလူေတြဟာအခ်င္းခ်င္းမျမင္ဖူးၾကဘူး၊ သိလည္းမသိၾကဘူး။ သူတို႔ကိုၾကားထဲက အဆက္အသြယ္လုပ္ေပးတာက
႐ြမ္တို႔လိုကေလးေတြ။
ဘယ္သူကဘယ္ဂဏန္းကိုဘယ္ေလာက္ဖိုးထိုးမယ္ဆိုတာကို ႐ြမ္တို႔ကဒိုင္ေတြဆီသြားထိုးေပး၊ ဒိုင္ေတြကမွတစ္ဆင့္
သူေဌးေတြဆီပို႔ေပးရတာ။ အဲ့လိုလုပ္ေပးရင္း ႐ြမ္တို႔လည္းမုန႔္ဖိုးေလးဘာေလးရေပါ့။
ေပါက္သြားရင္ေတာ့ မုန႔္ဖိုးၿမိဳးၿမိဳးျမတ္ျမတ္ေလးရတာေပါ့။ ႐ြမ္ကဒီလိုႀကဳံရာက်ပန္းလုပ္ေနရေပမဲ့ သူ႔မွာအိပ္မက္တစ္ခုရွိတယ္။
သူ႔မိဘေတြနဲ႔ျပန္ဆုံစည္းဖို႔။ တစ္ေန႔မွာ သူ႔မိဘေတြသူ႔ကိုျပန္လာေခၚမယ္လို႔ပဲ ယုံၾကည္ၿပီးဘဝကိုေရွ႕ဆက္ေနတယ္။
တစ္ေန႔မွာေတာ့ သူ႔နယ္ေျမကို လာလုတဲ့ေကာင္ေလးတစ္ေယာက္ေရာက္လာတဲ့အခါမွာေတာ့ ႐ြမ္တစ္ေယာက္
သူ႔ပိုက္ဆံရရာအလုပ္ေလးကို ဆက္လုပ္ႏိုင္ဦးမလား။ သူ႔မိဘေတြနဲ႔ေရာ ျပန္ဆုံစည္းရမလား၊
ေလာင္းကစားက လူ႔ဘဝေတြအေပၚ ဘယ္လိုသက္ေရာက္ေနလဲ ဆိုတာေတြကို ၾကည့္ရႈခံစားၾကရမွာပါ
Review – Yue Liang
File Size – 1GB
Format…mp4
Quality : 720p WED-DL
Genre :Crime, Drama
Subtitle : Myanmar Subtitle (hardsub)
Translated by Yue Liang
Encoded by Arrow
Leave a Reply