##unicode
ဒီဇာတ်ကားကတော့ သည်းထိတ်ရင်ဖိုဖြစ်ဖို့ကောင်းပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ horror ဇာတ်ကားကောင်းပါ
လေယာဉ်ပျက်ကျတဲ့ဖြစ်ရပ်တွေကြောင့် သည်းထိတ်ရင်ဖိုဖြစ်ရတဲ့အပြင် အဲဒီလိုလေယာဉ်ပျက်ကျတဲ့
နောက်ကွယ်မှာ သဘာဝလွန်ဖြစ်ရပ်တစ်ခုလိုလို ၊ သရဲဝိညာဉ်တစ်ခုခုရဲ့ အငြိုးတွေကြောင့်
လေယာဉ်ပျက်ကျတာလားလို့ တွေးစေတဲ့အတွက် စိတ်လှုပ်ရှားဖို့ကောင်းကောင်းနဲ့ ကြည့်ရမယ့်
ဇာတ်ကားကောင်းဖြစ်နေလို့ပါပဲ
ကတ်တရီးနားဆိုတဲ့ အမျိုးသမီးဟာ သူငယ်ငယ်တုန်းက လေယာဉ်ပျက်ကျတဲ့အက်စီးဒင့်မှာ ပါခဲ့ပါတယ်
လေယာဉ်ပေါ်က လူတိုင်းသေခဲ့ပြီး သူတစ်ယောက်တည်း အသက်ရှင်နေခဲ့တာပါ အဲဒီနောက် ကတ်တရီးနား
အရွယ်ရောက်လာတဲ့အချိန်မှာတော့ စိတ်ဆရာဝန်တစ်ယောက်ဖြစ်လာပြီး သူ့ရဲ့စိတ်ဒဏ်ရာတွေကိုမေ့ပစ်ဖို့ကြိုးစားခဲ့ပါတယ်
တစ်နေ့ သူ့သမီးလေးနဲ့အတူတူ လေယာဉ်ပြန်စီးတဲနေ့ ၊ အဲဒီလေယာဉ်ပေါ်မှာ ကတ်တရီးနားတစ်ယောက်
အရင်ကအဖြစ်အပျက်တွေကိုရော ပြန်လည်မြင်ယောင်လာခဲ့ပြီး သူ လိုက်ပါခဲ့တဲ့ လေယာဉ်ကလည်းပျက်ကျတော့မလို
ထူးဆန်းတဲ့ဖြစ်ရပ်တွေဖြစ်လာခဲ့ပါတယ်
ကတ်တရီးနားဟာ လေယာဉ်ပေါ်မှာ သူတစ်ယောက်တည်းအဘွားအိုကြီးတစ်ယောက်ကို မြင်တွေ့နေရပြီး
ဒီတစ်ခေါက်မှာရော သူလိုက်ပါလာတဲ့ လေယာဉ်က ပျက်ကျဦးမှာလား ဘယ်လိုကံဆိုးမှုတွေကသူ့နောက်ကိုလိုက်နေတာလဲ
အဲဒီအဘွားအိုကြီးကရောဘာလဲ ကတ်တရီးနားရဲ့စိတ်ဒဏ်ရာကြောင့် ထင်ယောင်ထင်မှားဖြစ်မှုတွေလားဆိုတာ
ဒီဇာတ်ကားမှာ စောင့်မျှော်ကြည့်ရူပေးကြပါဦးနော်
##zawgyi
Review – Hmue
File Size – 1GB,2.2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue & Phyu Sin
Encoded by Arrow
============================================================================
==================================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Leave a Reply