##unicode
ဒီတစ်ခေါက်ကတော့ ‘Rustom&ဆိုတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။
ဇာတ်လိုက်ကတော့အာဘီရှက်ခ်ပါ။သူဟာ သူ့ဇနီး၊သမီးလေးနဲ့အတူ အိမ်ပြောင်းလာခဲ့ပါတယ်။သူအိမ်ပြောင်းခဲ့တဲ့အိမ်ရဲ့ဘေးဘက်ကအိမ်မှာ
သူပြောင်းလာကတည်းက လူတိုင်းစိတ်မသာမယာဖြစ်နေတာကိုကြည့်ပြီးစိတ်ထဲဘဝင်မကျတာနဲ့ သွားမေးခဲ့ပါတယ်။အဲ့အချိန်မှာ သူတို့သားရဲအရာရှိ
ပျောက်နေတာ၂ရက်ရှိပြီဖြစ်ကြောင်း၊ရဲဌာနကလည်း ဘာမှလုပ်မပေးကြောင်းသိရှိခဲ့ရပါတယ်။အဲ့အချိန်မှာ အာဘီဟာ တရားမျှတမှုရအောင်လုပ်ပေးမယ်ဆိုပြီး
ကူညီခဲ့ပါတယ်။အဲ့လိုကူညီခဲ့တဲ့အတွက်သူကိုယ်တိုင်ပါ ဒုက္ခရောက်လာခဲ့ပါတယ်။အဲ့တော့ သူဘာဆက်လုပ်မလဲ။တဖန် အတိတ်ကိုပြန်သွားရရင်သူဟာ
ရဲအရာရှိတစ်ယောက်ပါ။ရာဇဝတ်ကောင်တွေကို ဖမ်းတယ်ဆိုတာ သူ့သမိုင်းမှာ မရှိပါဘူး။နေရာမှာတင် တစ်ခါတည်းသေမိန့်ပေး သတ်လိုက်ရမှကျေနပ်တဲ့လူပါ။
သူပြောင်းရွှေ့ခဲ့ရတဲ့နယ်တစ်လျှောက်လူမိုက်တွေဟာ သူ့ဆိုတအားကြောက်ကြတာပါ။သူ့ရဲ့အချစ်ရဆုံးသူငယ်ချင်း DCPအရာရှိဟာလည်း အဲ့အချိန်မှာပဲ
ကလေးပြန်ပေးဆွဲတဲ့အမှုကို စုံစမ်းရင်း အသတ်ခံလိုက်ရပါတယ်။ဒီအမှုနှစ်ခုကိုဆက်စပ်ပြီးနောက်ကွယ်က လက်မဲကြီးကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ
စိတ်အားတက်ဖွယ်ကြည့်ရမှာပါ။
အာဘီက အရမ်းသဘောကျစရာကောင်းတာနော် မကောင်းတဲ့လူဆိုရဲလက်အပ်မနေဘူး။သူ့ဘာသာသူ နေရာမှာတငအ သေမိန့်ပေးခဲ့တာ။ပြတ်ပြတ်ပဲ။
အဲ့တစ်ချက်နဲ့ပဲ ကြည့်ရတာတန်နေပြီ။ဇာတ်ကားထဲမှာ သူပြောတဲ့dialogတွေကလည်း တကယ်အသေကြွေနော်။fightingခန်းလည်း ရှယ်မိုက်။
အဲ့တော့တကယ်ကြည့်ရတာတန်တဲ့ ဇာတ်ကားလေးပါ ကြည့်ရှုခံစားပေးကြပါ။
##zawgyi
Review – Thant Sin Hnin
File Size – 1.3GB,2.6GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Thant Sin Hnin
Encoded by Arrow
=================================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply