Scoob! (2020) ………………….. “စကူဘီ ဒူဘီ ဒူး” ဆိုတာနဲ့ ဘာကိုပြေးမြင်သလဲဆို ကျွန်တော်ကတော့ ၂၀၀၀ ခုနှစ်နောက်ပိုင်းဝန်းကျင်က အနောက်တိုင်း comic တွေကို မြန်မာပြန်ပြီးထုတ်ခဲ့တဲ့ KidZone ဂျာနယ်ထဲက စကူဘီဒူးပဲ။ စကူဘီဒူး ကာတွန်းကားတွေနဲ့ စကူဘီဒူး Live Action တွေကိုတော့ နောက်ပိုင်း Social Network တွင်ကျယ်လာမှ ပြန်ကြည့်ဖြစ် သိဖြစ်လာတာ။ စကူဘီဒူးကို ကြည့်ဖန်များလာကတည်းက ကျွန်တော် အတွေးပေါက်ခဲ့ဖူးတာတစ်ခုရှိတယ်။ ဒီလောက် စာအုပ်တွဲတွေ ကာတွန်းကားတွေ ဆက်တိုက်ရိုက်ထုတ်နေတာ သူတို့ငယ်ဘဝအကြောင်းလေးတွေကိုလည်း တစ်အုပ်၊ တစ်ကားလောက် ထုတ်ပါလား ဆိုပြီး။ ဒါပေမယ့် အဲဒီအတွေးလေးက အခုတော့ ပြည့်သွားခဲ့ပါပြီ။ ဒီ 2020 ထွက် စကူဘီဒူးလေးထဲမှာတော့ ကားချပ်ဖွင့်ဖွင့်ချင်းကို ချစ်စရာ ပိစိညှောင့်တောင့် စကူဘီ၊ရှက်ဂီလေးနဲ့ အစပျိုးခဲ့လိုက်ပါပြီ။ ဆိုတော့ သာမန် 2D အန်နီမေးရှင်းနဲ့မဟုတ်ဘဲ 3D အန်နီမေးရှင်းနဲ့ ရိုက်ထားတဲ့ ဒီစကူဘီဒူးကားလေးမှာ ဘာတွေထူးခြားလာမလဲ တဲ့။ 3D အန်နီမေးရှင်းစဖြစ်သွားတာတစ်ခုတည်းနဲ့တင်ကို ထူးခြားလာတယ်ဆိုရမှာပေါ့…ဟီး။ မဟုတ်ပါဘူး တကယ်တမ်းက သူတို့ သာမန်အန်နီမိတ်တက်ကနေခတစ်ဆင့်ပြန်တက်လိုက်ကတည်းက တော်တော်လေးကို အားစိုက်ထားပါတယ်ဆိုတာကို ပြချင်တာပါ။ ထူးခြားပါတယ်။ ဇာတ်လမ်းဇာတ်အိမ်လည်း တော်တော်ကောင်းလာပြီး အချိတ်အဆက်လေးလည်း တအားမိလာပါတယ်။ ဇာတ်ကားအညွှန်းတော့ အများကြီးမရေးပေးတော့ပါဘူး။ူဒီ Scoob ကားလေးမှာ စကူဘီနဲ့ ရှက်ဂီလေးက အဓိက ဇာတ်ဆောင်အနေနဲ့ ဟာကနဲ ဟင်ကနဲဖြစ်အောင်လုပ်ပြမယ်ဆိုတာလေးပဲ သဲလွန်စပေးလိုက်ပါရစေ။ သြော်… ပြီးတော့ Got Talents တွေမှာမှ အများသိလာကြတဲ့ အချစ်တော် မျက်နှာတည်ဒိုင်လူကြီး ဆိုင်မွန်လည်း စကူဘီဒူး ကားလေးထဲမှာ ပါတယ်နော်။ စကူဘီ ဒူဘီ ဒူး ဖန်တွေရေ…. စကူဘီစနက်ခ် လေးစားပြီး စကူဘီကို အားပေးလိုက်ကြပါဦး။
Leave a Reply