မိဘေမတၱာ..မိဘေစတနာ”
ဒီဇာတ်ကားလေးကတော့ နာမည်ကြီးခွဲစိတ်ဆရာဝန်တစ်ဦးနဲ့ သူ့သမီးတို့ရဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို အခြေခံပြီး ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်။
နိုင်ငံတကာဆုတွေလည်း ရတဲ့အပြင် အော်စကာဆုတွေအတွက်ပါ လျာထားခြင်းခံရတဲ့ကားကောင်းလေးဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာ စကော့တလန်က အထင်ကရနာမည်ကြီးခွဲစိတ်ဆရာဝန်တစ်ဦးက မွန်ဘိုင်းမြို့ကို အရေးတကြီးခွဲစိတ်ကုသမှုတစ်ခုအတွက် ရောက်လို့လာခဲ့ပါတယ်။
တစ်ညမှာတော့ ပွဲလမ်းတစ်ခုက အပြန် သမီးဖြစ်သူကို လူလေးယောက်က ပြန်ပေးဆွဲသွားပြီး အဓမ္မပြုကျင့်ခဲ့တယ်။
ရုံးတော်ကို ဦးတိုက်လျှောက်တော့လည်း တရားခံတွေဟာ မြို့ခံဩဇာညောင်းတဲ့ အာဏာပါဝါရှိသူတွေရဲ့ သားမြေးတွေဖြစ်နေလေတော့..တရားခွင်မှာလည်း ရှုံးခဲ့ရပြန်တယ်။
ဒီလိုနဲ့ သမီးအတွက် တရားမျှတမှုကို အရယူပေးမယ့် နာကျင်နေတဲ့ ဖခင်တစ်ဦးရဲ့ ကလဲ့စားက ဘယ်လောက်တောင် ပြင်းထန်သွားမလဲဆိုတာ..
Leave a Reply