##unicode
ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါးကမ်းခြေ vibe ကိုရရှိစေမယ့် ဇာတ်လမ်းလေးကို တင်ဆက်ပေးပါ့မယ်။
ဘီလီက ရေလွှာစွန်ဘုတ်စီးရတာကို ခရေဇီဖြစ်တဲ့လူငယ်လေးတစ်ယောက်ပေါ့။
သူက အရည်အချင်းရှိတော့ တက်ဆက်စ်ပြည်နယ်ကနေပြီး ကမ္ဘာချန်ပီယံရှစ်ပြိုင်ပွဲကြီးကို ဝင်ပြိုင်နိုင်ဖို့
သူ့နည်းပြနဲ့သူငယ်ချင်းတွေက ဝိုင်းဝန်ကူညီပေးလိုက်ကြတယ်။ သူ့ရည်စားကတော့ သူ့ကိုဒီအားကစားထက်
လက်တွေ့ကျတဲ့အလုပ်တစ်ခုကို လုပ်စေချင်တာကြောင့် စကားများပြီး ဘီလီကတော့ ပြိုင်ပွဲဝင်ဖို့ပဲထွက်လာခဲ့လိုက်တယ်။
သွားရင်းနဲ့လမ်းမှာ လူလည်မလေး စကိုင်းနဲ့ခင်မင်ရင်းနှီးသွားပါတယ်။
ပရိုကစားသမားတွေပြိုင်တဲ့ ထရစ်ပယ်-S ပွဲစဉ်မှာဝင်ပြိုင်နိုင်ဖို့ဆိုရင် ဝါသနာရှင်တွေပြိုင်တဲ့ အိုးပန်းပွဲစဉ်မှာ
အရင်နိုင်မှဖြစ်မှာဆိုတော့ ဘီလီတစ်ယောက် သူ့အိပ်မက်တွေနောက်ကို လိုက်နိုင်ပါ့မလား၊
ကောင်မလေး ၂ ယောက်ကြားက သူ့ရဲ့အချစ်ရေးကရော ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ခံစားကြည့်ရှုပေးကြပါဦး။
##zawgyi
Review – Hmue
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Genre :Action, Adventure, Comedy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue
Encoded by Arrow
Leave a Reply