##unicode
ဒီဇာတ်ကားလေးကတော့ Amazon Primeက နောက်ဆုံးထွက်ရှိလာတဲ့
ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းမယ့် ဒရာမာဇာတ်ကားကောင်းလေးပါ
နာမည်ကျော်မင်းသားကြီး Rishi Kapoorရဲ့နောက်ဆုံးရိုက်ကူးခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်
ဇာတ်ကားရိုက်ကူးရင်းဆုံးပါးသွားခဲ့တဲ့ မင်းသားကြီး Rishi Kapoorနေရာမှာ Paresh Rawalက
ပါဝင်အားဖြည့်ပေးထားလို့ ဇာတ်ကောင်တစ်ခုတည်းကို သရုပ်ဆောင်နှစ်ယောက်
သရုပ်ဆောင်တဲ့ထူးခြားတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်လာမှာပါ
ဇာတ်လမ်းကတော့ ပင်စင်ယူထားတဲ့လူတစ်ယောက်ကိုအခြေခံထားတာပဲဖြစ်ပြီးမင်းသားကြီးနှစ်ယောက်ရဲ့
သရုပ်ဆောင်ချက်တွေက အသက်ဝင်ပြီးချစ်စရာတောင်ကောင်းနေပါသေးတယ် ပင်စင်စားတွေရဲ့သဘာဝအတိုင်း
ပင်စင်ယူပြီးသွားတော့ အလုပ်မရှိ၊ စိတ်တွေလေနေ၊ အိမ်မှာပဲ ဟင်းတွေချက်၊ အလုပ်မလုပ်ရရင်မနေတတ်တော့
အလုပ်ပေါင်းစုံလုပ်ခဲ့တဲ့ ပင်စင်စား ရှာမားဂျီဟာ ဘယ်အလုပ်နဲ့မှအဆင်မပြေခဲ့ပါဘူး
အိမ်ကသားနှစ်ယောက်ကလည်း သူတို့အဖေကို နားနားနေနေနေစေချင်ပေမယ့်အလုပ်သိပ်လုပ်ချင်တဲ့ရှာမားဂျီဟာ
တစ်နေ့မှာတော့ အိမ်တစ်အိမ်မှာ ဟင်းချက်စားဖိုမှူးအလုပ်ရလို့သွားလုပ်ခဲ့ပါတယ် သူသွားတဲ့အိမ်က ပွဲက သူထင်သလိုမဟုတ်ဘဲ
မိန်းမတွေစုပြီးပျော်ကြတဲ့ ကစ်တီပါတီပွဲဖြစ်နေတဲ့အခါမှာ သူ့သိက္ခာနဲ့ကတော့လုံးဝကိုဆန့်ကျင်နေတာပေါ့
ဒါပေမယ့်လည်း သူ့လက်ရာကိုတမ်းတမ်းစွဲဖြစ်ကြတဲ့ ပါတီကြိုက်ခင်အန်တီကြီးတွေကသူ့ကိုပဲဟင်းချက်ကျွေးပါလို့
ကစ်တီပါတီရှိတိုင်းခေါ်ကြပါတော့တယ်
တစ်နေ့ ဒီအကြောင်းတွေကို သူ့သားနှစ်ယောက်သိသွားတဲ့အခါမှာတော့ ဘယ်လိုပြဿနာတွေကြုံတွေ့ရမလဲ
အမျိုးသမီးတွေပျော်ပါးတဲ့ပွဲမှာရောက်သွားမိတဲ့ ရှာမားဂျီလည်း ဘယ်လိုဝေဖန်မှုတွေခံရမလဲဆိုတာ
ဒီဇာတ်ကားမှာခံစားကြည့်ရူအားပေးကြပါဦးနော်
##zawgyi
ဒီဇာတ္ကားေလးကေတာ့ Amazon Primeက ေနာက္ဆုံးထြက္ရွိလာတဲ့
ေပါ့ေပါ့ပါးပါးေလးနဲ႔ၾကည့္လို႔ေကာင္းမယ့္ ဒရာမာဇာတ္ကားေကာင္းေလးပါ
နာမည္ေက်ာ္မင္းသားႀကီး Rishi Kapoorရဲ႕ေနာက္ဆုံး႐ိုက္ကူးခဲ့တဲ့ဇာတ္ကားလည္းျဖစ္ပါတယ္
ဇာတ္ကား႐ိုက္ကူးရင္းဆုံးပါးသြားခဲ့တဲ့ မင္းသားႀကီး Rishi Kapoorေနရာမွာ Paresh Rawalက
ပါဝင္အားျဖည့္ေပးထားလို႔ ဇာတ္ေကာင္တစ္ခုတည္းကို သ႐ုပ္ေဆာင္ႏွစ္ေယာက္
သ႐ုပ္ေဆာင္တဲ့ထူးျခားတဲ့ဇာတ္ကားတစ္ကားလည္းျဖစ္လာမွာပါ
ဇာတ္လမ္းကေတာ့ ပင္စင္ယူထားတဲ့လူတစ္ေယာက္ကိုအေျခခံထားတာပဲျဖစ္ၿပီးမင္းသားႀကီးႏွစ္ေယာက္ရဲ႕
သ႐ုပ္ေဆာင္ခ်က္ေတြက အသက္ဝင္ၿပီးခ်စ္စရာေတာင္ေကာင္းေနပါေသးတယ္ ပင္စင္စားေတြရဲ႕သဘာဝအတိုင္း
ပင္စင္ယူၿပီးသြားေတာ့ အလုပ္မရွိ၊ စိတ္ေတြေလေန၊ အိမ္မွာပဲ ဟင္းေတြခ်က္၊ အလုပ္မလုပ္ရရင္မေနတတ္ေတာ့
အလုပ္ေပါင္းစုံလုပ္ခဲ့တဲ့ ပင္စင္စား ရွာမားဂ်ီဟာ ဘယ္အလုပ္နဲ႔မွအဆင္မေျပခဲ့ပါဘူး
အိမ္ကသားႏွစ္ေယာက္ကလည္း သူတို႔အေဖကို နားနားေနေနေနေစခ်င္ေပမယ့္အလုပ္သိပ္လုပ္ခ်င္တဲ့ရွာမားဂ်ီဟာ
တစ္ေန႔မွာေတာ့ အိမ္တစ္အိမ္မွာ ဟင္းခ်က္စားဖိုမႉးအလုပ္ရလို႔သြားလုပ္ခဲ့ပါတယ္ သူသြားတဲ့အိမ္က ပြဲက သူထင္သလိုမဟုတ္ဘဲ
မိန္းမေတြစုၿပီးေပ်ာ္ၾကတဲ့ ကစ္တီပါတီပြဲျဖစ္ေနတဲ့အခါမွာ သူ႔သိကၡာနဲ႔ကေတာ့လုံးဝကိုဆန႔္က်င္ေနတာေပါ့
ဒါေပမယ့္လည္း သူ႔လက္ရာကိုတမ္းတမ္းစြဲျဖစ္ၾကတဲ့ ပါတီႀကိဳက္ခင္အန္တီႀကီးေတြကသူ႔ကိုပဲဟင္းခ်က္ေကြၽးပါလို႔
ကစ္တီပါတီရွိတိုင္းေခၚၾကပါေတာ့တယ္
တစ္ေန႔ ဒီအေၾကာင္းေတြကို သူ႔သားႏွစ္ေယာက္သိသြားတဲ့အခါမွာေတာ့ ဘယ္လိုျပႆနာေတြႀကဳံေတြ႕ရမလဲ
အမ်ိဳးသမီးေတြေပ်ာ္ပါးတဲ့ပြဲမွာေရာက္သြားမိတဲ့ ရွာမားဂ်ီလည္း ဘယ္လိုေဝဖန္မႈေတြခံရမလဲဆိုတာ
ဒီဇာတ္ကားမွာခံစားၾကည့္႐ူအားေပးၾကပါဦးေနာ္
Review – Hmue
File Size – 1.2GB,2.5GB
Format…mp4
Quality : 720p WED-DL ,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin & Hmue
Encoded by Arrow
=========================================================================
GDtot လင့္ေဒါင္းနည္း (အစိမ္းျပထားတာကိုကလစ္ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply