ထရီဆာဟာ စက်ပစ္စည်းတွေကို ပြင်ဆင်နိုင်တဲ့ မိန်းကလေးတစ်ယောက်ပါ။ လျှပ်စစ်သံလိုက်စွမ်းအင်ဆိုင်ရာ ရူပဗေဒကို လေ့လာရင်း သူမဟာ အချိန်ခရီးသွားနိုင်မယ့် ကိရိယာတစ်ခုကို ဖန်တီးနေခဲ့ပါတယ်။
လေ့လာဖန်တီးမှုမှာပဲ အာရုံစိုက်ထားတဲ့ ထရီဆာအတွက် ချစ်သူ သူငယ်ချင်း မိတ်ဆွေ စကားပြောဖော်ဆိုတာ မရှိခဲ့ပါဘူး။
လက်တွေ့ဘဝမှာ အဆင်မပြေမှုတွေ ကြုံလာချိန် အတိတ်ကအရာတွေကို ပြန်ပြင်ချင်တဲ့ အချိန်တွေမှာ သူမဖန်တီးထားတဲ့စက်ကို အသုံးပြုခဲ့တဲ့ ထရီဆာတစ်ယောက် ဘယ်လိုသက်ရောက်မှုမျိုးတွေ ခံစားရမလဲ
ထရီဆာတစ်ယောက် ပြန်ပြင်ချင်တဲ့အရာတွေက ဘာတွေဖြစ်မလဲ
စက်ကို အသုံးပြုပြီးနောက် သူဖြစ်စေချင်တဲ့အရာတွေကရော တကယ်ဖြစ်လာပါ့မလား
စတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။
ပါဝင်ထားတဲ့ အဓိကသရုပ်ဆောင်တွေကတော့ ထရီဆာအဖြစ် Nicole Fancher ; အဒ် အဖြစ် Paul T Taylor နဲ့ ရေချယ်အဖြစ် Katy Atkinson တို့ပဲဖြစ်ပါတယ်။
Upload on Youtube
Upload on Youtube
Upload on Youtube
Leave a Reply