##unicode
Shock Wave 2 ဇာတ်ကားမှာတော့ Poon Singfungက ဗုံးရှင်းအဖွဲ့က ထူးချွန်တဲ့ရဲအရာရှိတစ်ဦးဖြစ်တယ်။
တစ်နေ့သူက ပါတနာ Tung Cheuk manနဲ့အတူ ဗုံးဖြုတ်ဖို့ကြိုးစားနေရင်း မတော်မဆမှုဖြစ်ကာ
ခြေထောက်တစ်ဖက်ဆုံးရှုံးသွားခဲ့တယ်။ခြေထောက်ဆုံးရှုံးသွားခဲ့ပေမဲ့ Poon Singfungက စိတ်ဓာတ်မကျဘဲ
ခြေတုနဲ့ သန်မာလာအောင်ကြိုးစားပြီး သူ့အရင်အလုပ်ကိုပြန်လုပ်နိုင်ဖို့ မျှော်လင့်ခဲ့တယ်။
ဒါပေမဲ့ ရဲဌာနက မသန်စွမ်းဖြစ်သွားတဲ့သူ့ကို အရင်ရာထူးပြန်မပေးခဲ့တော့ပဲ ဌာနလွဲပြောင်းခဲ့တယ်။
ရဲဌာနကို စိတ္နာသြားခဲ့တဲ့ Poon singfungတစ်ယောက်က ကမ္ဘာကြီးကိုပါနာကျည်းသွားခဲ့ပြီးတော့
အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ထဲဝင်ကာ အကြမ်းဖက်ဖောက်ခွဲမှုတွေကိုပြုလုပ်ခဲ့ပါတယ်။
သူဗုံးထောင်ခဲ့တဲ့ အကြမ်းဖက်ပေါက်ကွဲမှုမှာ Poon singfungတစ်ယောက် ထိခိုက်ဒဏ်ရာရသွားပြီး
အတိတ်မေ့သွားတော့အခါ သူဘာတွေဆက်လုပ်မလဲ။ရဲဌာနကလဲ သူ့ကိုဖောက်ခွဲမှုတရားခံအဖြစ်ဖမ်းဆီးထားသောအခါ
သူဘယ်လိုလွှတ်မြောက်အောင်ကြံစည်မလဲဆိုတာ ကြည့်ရှုကြပါအုံး။
##Zawgyi
Upload on Youtube
Upload on Youtube
Upload on Youtube
Leave a Reply