##unicode
အိန္ဒိယရဲ့ ဒုစရိုက်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဘုံဘေ မြို့(ယခုအခေါ် မွမ်ဘိုင်းမြို့)ဟာ
သိပ်ကို အရှုပ်ထွေးဆုံးပါပဲ….ဂိုဏ်းတွေအချင်းချင်းပြိုင်ဆိုင်သတ်ဖြတ်ကြတာတွေ…
နည်းနည်းလေးမှ သေးသေးတင်မခံတဲ့ ဂိုဏ်းစတားတွေကြောင့် လူသတ်ပွဲဆိုတာတွေ မမြင်ချင်မှအဆုံးပါပဲ..
.နောက်ပြီးရဲတွေဆိုတာ အဲ့ဒီခေတ်မှာ အရာမရောက်ခဲ့ကြဘူး…အခုခေတ်စကားနဲ့ပြောရမယ်ဆို ဘောင်မဝင်ကြဘူးပေါ့ဗျာ..ရဲတစ်ယောက်က လူမိုက်တစ်ယောက်ကို သွားဖမ်းဖို့ ဆိုရင် ဝရမ်းပါမှ ရမယ်တို့
မျက်မြင်သက်သေရှိလားတို့နဲ့ ရဲတွေဟာ လုပ်ပိုင်ခွင့် ဆုံးရှုံးခဲ့ကြတယ်..
အကယ်၍မျက်မြင်သက်သေရှိနေတယ်ဆိုရင်တောင် ဂိုဏ်းတွေကို ကြောက်ကြတဲ့အတွက်
ဘယ်သူကမှ သက်သေမထွက်ဆိုရဲကြဘူး…အဲ့လိုနဲ့ ရဲတွေရဲ့ သိက္ခာဟာထိုခေတ်ထိုအချိန်က
ဟိုးအောက်ဆုံးထိ ရောက်ခဲ့ရတယ်…
အဲ့ဒီအချိန်မှာအဓိကဇာတ်ဆောင် မင်းသားက ရိုးရိုးကုတ်ကုတ် တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်ပဲ ရှိသေးတာပေါ့
…ပထွေးရဲ့နှိပ်စက်ခံရတဲ့ဘဝကနေ ရုန်းထွက်ဖို့အတွက် စာကိုကြိုးစားနေရင်းကနေ
ပထွေးရဲ့သားဖြစ်သူသူ့အကိုလူမိုက်ကို ကယ်ခဲ့လို့ လူသတ်မှု ကြံရာအဖြစ်ထောင်ကျခဲ့ရတယ်…
အဲ့လိုနဲ့ အညွှန့်တလူလူတက်နေတဲ့ သူ့ရဲ့ အနာဂတ်ဟာ လာဘ်စားတဲ့ရဲတစ်ယောက်ကြောင့် ပျက်စီးခဲ့ရတယ် ..
အဲ့ဒီအချိန်ကစပြီးရဲတွေကို သူမုန်းတီးသွားပြီး ထောင်က ထွက်ပြေးတဲ့အခါ ဂိုဏ်းထောင်ပြီး ရဲတွေကို ဒုက္ခပေးတော့တယ်….
ဂိုဏ်းခေါင်းဆောင်ဖြစ်လာတဲ့ သူဟာ တစ်ခြားဂိုဏ်းတွေနဲ့ ကတောက်ကဆလည်းဖြစ် ရဲတွေနဲ့လည်းမတည့်
အဲ့လိုနဲ့ ဒုစရိုက်လောကမှာ ရပ်တည်လာခဲ့ရင်း သူ့ကို ဘယ်သူတွေက သတ်ဖို့ကြံစည်လာမှာလဲဆိုတာ
အားလုံးလဲ သိချင်နေလောက်ပြီထင်ပါတယ်….ဇာတ်လမ်းထဲမှာ အဖြေကို ဖွေရှာကြည့်ကြပါစို့…
##zawgyi
အိႏၵိယရဲ႕ ဒုစ႐ိုက္သမိုင္းကို ျပန္ၾကည့္မယ္ဆိုရင္ ဘုံေဘ ၿမိဳ႕(ယခုအေခၚ မြမ္ဘိုင္းၿမိဳ႕)ဟာ
သိပ္ကို အရႈပ္ေထြးဆုံးပါပဲ….ဂိုဏ္းေတြအခ်င္းခ်င္းၿပိဳင္ဆိုင္သတ္ျဖတ္ၾကတာေတြ…
နည္းနည္းေလးမွ ေသးေသးတင္မခံတဲ့ ဂိုဏ္းစတားေတြေၾကာင့္ လူသတ္ပြဲဆိုတာေတြ မျမင္ခ်င္မွအဆုံးပါပဲ..
.ေနာက္ၿပီးရဲေတြဆိုတာ အဲ့ဒီေခတ္မွာ အရာမေရာက္ခဲ့ၾကဘူး…အခုေခတ္စကားနဲ႔ေျပာရမယ္ဆို ေဘာင္မဝင္ၾကဘူးေပါ့ဗ်ာ..ရဲတစ္ေယာက္က လူမိုက္တစ္ေယာက္ကို သြားဖမ္းဖို႔ ဆိုရင္ ဝရမ္းပါမွ ရမယ္တို႔
မ်က္ျမင္သက္ေသရွိလားတို႔နဲ႔ ရဲေတြဟာ လုပ္ပိုင္ခြင့္ ဆုံးရႈံးခဲ့ၾကတယ္..
အကယ္၍မ်က္ျမင္သက္ေသရွိေနတယ္ဆိုရင္ေတာင္ ဂိုဏ္းေတြကို ေၾကာက္ၾကတဲ့အတြက္
ဘယ္သူကမွ သက္ေသမထြက္ဆိုရဲၾကဘူး…အဲ့လိုနဲ႔ ရဲေတြရဲ႕ သိကၡာဟာထိုေခတ္ထိုအခ်ိန္က
ဟိုးေအာက္ဆုံးထိ ေရာက္ခဲ့ရတယ္…
အဲ့ဒီအခ်ိန္မွာအဓိကဇာတ္ေဆာင္ မင္းသားက ႐ိုး႐ိုးကုတ္ကုတ္ တကၠသိုလ္ေက်ာင္းသားေလးတစ္ေယာက္ပဲ ရွိေသးတာေပါ့
…ပေထြးရဲ႕ႏွိပ္စက္ခံရတဲ့ဘဝကေန ႐ုန္းထြက္ဖို႔အတြက္ စာကိုႀကိဳးစားေနရင္းကေန
ပေထြးရဲ႕သားျဖစ္သူသူ႔အကိုလူမိုက္ကို ကယ္ခဲ့လို႔ လူသတ္မႈ ႀကံရာအျဖစ္ေထာင္က်ခဲ့ရတယ္…
အဲ့လိုနဲ႔ အၫႊန္႔တလူလူတက္ေနတဲ့ သူ႔ရဲ႕ အနာဂတ္ဟာ လာဘ္စားတဲ့ရဲတစ္ေယာက္ေၾကာင့္ ပ်က္စီးခဲ့ရတယ္ ..
အဲ့ဒီအခ်ိန္ကစၿပီးရဲေတြကို သူမုန္းတီးသြားၿပီး ေထာင္က ထြက္ေျပးတဲ့အခါ ဂိုဏ္းေထာင္ၿပီး ရဲေတြကို ဒုကၡေပးေတာ့တယ္….
ဂိုဏ္းေခါင္းေဆာင္ျဖစ္လာတဲ့ သူဟာ တစ္ျခားဂိုဏ္းေတြနဲ႔ ကေတာက္ကဆလည္းျဖစ္ ရဲေတြနဲ႔လည္းမတည့္
အဲ့လိုနဲ႔ ဒုစ႐ိုက္ေလာကမွာ ရပ္တည္လာခဲ့ရင္း သူ႔ကို ဘယ္သူေတြက သတ္ဖို႔ႀကံစည္လာမွာလဲဆိုတာ
အားလုံးလဲ သိခ်င္ေနေလာက္ၿပီထင္ပါတယ္….ဇာတ္လမ္းထဲမွာ အေျဖကို ေဖြရွာၾကည့္ၾကပါစို႔…
Review – Aye htut ko
File Size – 1.5GB,2.6GB
Format…mp4
Quality : 1080p Blu-ray,720p Blu-ray
Duration…2h 35min
Genre :Action
Subtitle : Myanmar Subtitle (Hard Sub)
Translated by Aye htut ko
Encoded by Arrow
Leave a Reply