##unicode
အခုတင်ဆက်ပေးလိုက်တဲ့ action thrillerဇာတ်ကားကောင်းကတော့ အရင်က အခြားဗားရှင်းတွေလည်းထွက်ဖူးတဲ့
ဇာတ်ကားကောင်းဖြစ်ပြီး အခုကတော့ ဗားရှင်းအသစ် ခံစားမှုအသစ်နဲ့ကြည့်ရမှာပါ
အတိတ်ကအမှားတစ်ခုကြောင့် အမြင်အာရုံဆုံးရူံးလိုက်ရတဲ့ရဲအရာရှိ ဒီဗရာဆိုတဲ့မိန်းကလေးဟာ
သူ့ဘဝကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေခဲ့ရတာပါ တစ်နေ့ ဘတ်စ်ကားမှတ်တိုင်မှာ တက်စီစောင့်နေတုန်း
စိတ္တဇလူသတ်သမား မုဒိန်းသမားက မျက်စိမမြင်ရတဲ့ဒီဗရာကိုအခွင့်ကောင်းယူပြီး သူက တက်စီသမားပါလို့လိမ်ညာခေါ်သွားခဲ့ပါတယ်
ရဲအရာရှိဟောင်းဖြစ်ခဲ့ဖူးတဲ့ ဒီဗရာက ဘာမဆိုစူးစမ်းတတ်တဲ့အကျင့်ရှိတဲ့အတွက်သံသယဝင်ခဲ့မိပါတယ်
ဒီဗရာ ကားပေါ်မှာပါလာတုန်း ကားအက်စီးဒင့်ဖြစ်ပြီး မိန်းကလေးတစ်ယောက်ကိုတိုက်မိခဲ့ပါတယ်
အဲဒီအချိန်မှာ သူ ဒုက္ခရောက်ပြီဆိုတာသိလိုက်ရတဲ့ ဒီဗရာတစ်ယောက် ကံကောင်းလို့လွတ်မြောက်လာပြီးနောက်မှာ
စိတ္တဇလူသတ်သမားရဲ့အငြိုးကိုဘယ်လိုကြုံတွေ့ရမလဲ မိန်းကလေးပေါင်းများစွာကိုပြန်ပေးဆွဲမုဒိန်းကျင့်ခဲ့တဲ့အမှုနဲ့ဆက်စပ်နေတဲ့အခါမှာ
လူသတ်သမားကိုဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာဖြစ်လို့ ကြည့်ရူအားပေးကြပါဦးနော်
##zawgyi
Review – Hmue
File Size – 1.3GB,2.7GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Action
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin & Hmue
Encoded by Arrow
Leave a Reply