==============
IMDb Rating – 6.9/10
#Unicode
2015 ခုနှစ်ကထွက်ရှိခဲ့ပြီး Rating 6.9/10 ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိကသရုပ်ဆောင်တွေကတော့ X-Men ပရိတ်သတ်တိုင်း အလွတ်ရ
အလွတ်မှတ်မိနေတဲ့ Magneto (Michael Fassbender) နဲ့ အသားမဲမဲနဲ့ nightcrawler အဖြစ်
သရုပ်ဆောင်ခဲ့တဲ့ Kodi Smit-McPhee တို့ပဲဖြစ်ပါတယ် . Kodi ကိုတော့ လူတွေက သိပ်သတိ
ထားမှတ်မိမယ်မထင်ပါဘူး။
ဇာတ်လမ်းလေးကတော့ Jayဆိုတဲ့ ဆယ်ကျော်သက်လေးက စကော့တလန်ကနေ အမေရိကန်ကို
သူ့ရဲ့ ချစ်ရတဲ့ ကောင်မလေးကို လိုက်အရှာထွက်ခဲ့တယ်။ အဲ့မှာ Silasနဲ့ တွေ့ပြီး အကူအညီတောင်းရင်း
ဆက်ရှာတဲ့အခါမှ ကောင်မလေးက ဖမ်းဝရမ်းထုတ်ထားလို့ ပြေးနေတဲ့ သူဖြစ်မှန်း Silasက သိသွားတဲ့
အခါ Silasတစ်ယောက် Jayနဲ့ ဘယ်လို ဆက်လုပ်ကြမလဲ။ Jayကလဲ သူ့ကောင်မလေးက သူထင်ထားသ
လို့ မဟုတ်မှန်းသိတဲ့အခါ ဘာဆက်လုပ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာဖြစ်ပါတယ်။
Leave a Reply