Sonchiriya (2019)
****************************
IMDb…..7.5,,,, Rotten…..70%
“မြွေက ကြွက်ကိုမြိုတယ်
လင်းတက မြွေကိုပြန်စားတယ်
ဒါကို လောဘသဘာဝလို့ ဘုရားမိန့်ဆိုထားတယ်…”
*******************************
ဘောလီဝုဒ်ကားကောင်းတွေ မျှော်လင့်နေတဲ့ပရိသတ်တွေအတွက်
၂၀၁၉ ထွက်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
အိန္ဒိယမှာ ဝင်ငွေပိုင်းအရ အောင်မြင်မှုမရခဲ့ပေမယ့်
အနုပညာပိုင်းမှာတော့ မကျရှုံးဘူးလို့ ရဲရဲကြီးအာမခံနိုင်ပါတယ်
ဘာကြောင့်လဲဆိုရင်
IMDb 7.5/ 10 နဲ့
Rotten 70% အထိရရှိထားလို့ပါပဲ……
ကျွန်တော်တို့ကြည့်နေမြင်နေကျ အိန္ဒိယကားတွေလို
မာဆလာကားတွေလို သီချင်းတွေ၊ ကခုန်နေတာတွေမပါဘဲ
သရုပ်ဆောင်တွေဆိုလည်း လုံးဝမိတ်ကပ်မပါ
သဘာဝကျကျနဲ့ အကောင်းဆုံး ပုံဖေါ်ထားတဲ့ဇာတ်ကားတစ်ကားပါ
သရုပ်ဆောင်တွေဆိုလည်း သဘာဝမင်းသားကြီးဖြစ်တဲ့
Manoj Bajpai အပါအဝင်
နာမည်ကြီးတွေဖြစ်တဲ့
Bhumi Pednekar
Sushant Singh Rajput တို့ကပါ အားဖြည့်ပါဝင်ထားပါတယ်
ဇာတ်လမ်းကတော့
ဓားပြသူပုန်မာန်ဆင့်အဖွဲ့နဲ့ ရဲအရာရှိ ဂူဂျား ဘဲလ်ခန်ဒီယားတို့
ထိပ်တိုက်တွေ့ကြလေသောအခါ …
ဇာတ်ကိုအများကြီးမပြောထားတာ မထင်မှတ်ထားတဲ့
အလှည့်ပြောင်းတွေပါနေလို့ပါ
သူပုန်ဓားပြတွေရဲ့ဘဝ
သူပုန်ဓားပြတွေကို နှိမ်နင်းနေတဲ့ ရဲအရာရှိရဲ့အခြေနေ
လူတွေရဲ့ ကောက်ကြစ်ယုတ်မာမှုတွေကို ကိုယ်တိုင်ပဲကြည့်ရှု့လိုက်ပါတော့…
Leave a Reply