Alpha Premium

Soul Snatcher (2020)

Soul Snatcher    

N/A 2h 5min ActionFantasy

7.6
IMDB: 7.6/10 4536 votes

,

,

N/A

China, Hong Kong

1901

Report error

##unicode

ဒီတစ်ခါတော့ Go Go Squid ထဲက မင်းသား Li Xan ရဲ့ဇာတ်ကားသစ်လေး တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားထဲက မင်းသမီး Yang Zi ကပဲ မင်းသားရဲ့အဆောင်ပစ္စည်းထဲက ဝိဉာဉ်အဖြစ် အသံသရုပ်ဆောင်ပေးထားပါတယ်။

ဇာတ်လမ်းပုံစံလေးကတော့ မြေခွေးမျိုးနွယ်တွေဟာ မသေမျိုးအဖြစ်
ထာဝရဖြစ်ချင်ရင် ပီယဆေးတစ်မျိုးကိုရအောင် ရှာရပါတယ်။ ကိုယ့်အတွက် ပီယဆေးက ကိုယ့်အတွက်
သတ်မှတ်ပေးထားတဲ့ ခုံးလူသားဆိုတဲ့ လူသားတွေရဲ့ကိုယ်ထဲမှာ ရှိတာပါ။
ပီယဆေးကိုယူလိုက်ရင် အဲ့လူသားကသေရမှာပါ။

ဒါပေမဲ့ မြေခွေးတိုင်းဟာ အရွယ်ရောက်လာရင် ပီယဆေးရှာတဲ့ စမ်းသပ်မှုကို မဖြစ်မနေဖြတ်သန်းရပါတယ်။
အဲ့မှာ ၁၃ ဆိုတဲ့မြေခွေးလေးလည်း ပါပါတယ်။
သူက မြေခွေးတစ်ပိုင်းပဲဆိုတော့ ငယ်စဉ်ကတည်းက အနှိမ်ခံရတဲ့အတွက်
တစ်နေ့မှာ ပီယဆေးရအောင်ယူပြီး မသေမျိုးဖြစ်နိုင်ဖို့က သူ့ဘဝရဲ့ရည်မှန်းချက်ပါ။

ဒီလိုနဲ့ သူလူလောကကိုရောက်လာပြီး ကျစ်ကျင်းဆိုတဲ့ အရာရှိစာမေးပွဲလာဖြေတဲ့ ကောင်လေးနဲ့ဆုံပြီး သူ့ခုံးလူသားမှန်းသိသွားပါတော့တယ်။ မြေခွေးလည်း ကောင်လေးနဲ့ မိတ်ဆွေဖွဲ့ပြီး
စာမေးပွဲဖြေဖို့သွားတဲ့ ခရီးတစ်လျှောက် လိုက်လာပြီး ပီယဆေးကိုယူနိုင်ဖို့ အခွင့်ကောင်းကိုချောင်းနေခဲ့ပါတယ်။

ဒါပေမဲ့ ၂ ယောက်ဟာ လမ်းခရီးမှာ အချင်းချင်းကူညီပေးကြရင်း သူငယ်ချင်းကောင်းတွေဖြစ်သွားတဲ့အခါမှာတော့
မြေခွေးကရော သူ့ရဲ့မူလရည်ရွယ်ချက်ကို အောင်မြင်အောင်လုပ်နိုင်ဦးမလား၊
ဘယ်လိုမြှုပ်ကွက်တွေရှိနေမလဲ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားပေးကြပါဦး။

##zawgyi

ဒီတစ္ခါေတာ့ Go Go Squid ထဲက မင္းသား Li Xan ရဲ႕ဇာတ္ကားသစ္ေလး တင္ဆက္ေပးလိုက္ပါတယ္။
ဒီကားထဲက မင္းသမီး Yang Zi ကပဲ မင္းသားရဲ႕အေဆာင္ပစၥည္းထဲက ဝိဉာဥ္အျဖစ္ အသံသ႐ုပ္ေဆာင္ေပးထားပါတယ္။

ဇာတ္လမ္းပုံစံေလးကေတာ့ ေျမေခြးမ်ိဳးႏြယ္ေတြဟာ မေသမ်ိဳးအျဖစ္
ထာဝရျဖစ္ခ်င္ရင္ ပီယေဆးတစ္မ်ိဳးကိုရေအာင္ ရွာရပါတယ္။ ကိုယ့္အတြက္ ပီယေဆးက ကိုယ့္အတြက္
သတ္မွတ္ေပးထားတဲ့ ခုံးလူသားဆိုတဲ့ လူသားေတြရဲ႕ကိုယ္ထဲမွာ ရွိတာပါ။
ပီယေဆးကိုယူလိုက္ရင္ အဲ့လူသားကေသရမွာပါ။

ဒါေပမဲ့ ေျမေခြးတိုင္းဟာ အ႐ြယ္ေရာက္လာရင္ ပီယေဆးရွာတဲ့ စမ္းသပ္မႈကို မျဖစ္မေနျဖတ္သန္းရပါတယ္။
အဲ့မွာ ၁၃ ဆိုတဲ့ေျမေခြးေလးလည္း ပါပါတယ္။
သူက ေျမေခြးတစ္ပိုင္းပဲဆိုေတာ့ ငယ္စဥ္ကတည္းက အႏွိမ္ခံရတဲ့အတြက္
တစ္ေန႔မွာ ပီယေဆးရေအာင္ယူၿပီး မေသမ်ိဳးျဖစ္ႏိုင္ဖို႔က သူ႔ဘဝရဲ႕ရည္မွန္းခ်က္ပါ။

ဒီလိုနဲ႔ သူလူေလာကကိုေရာက္လာၿပီး က်စ္က်င္းဆိုတဲ့ အရာရွိစာေမးပြဲလာေျဖတဲ့ ေကာင္ေလးနဲ႔ဆုံၿပီး သူ႔ခုံးလူသားမွန္းသိသြားပါေတာ့တယ္။ ေျမေခြးလည္း ေကာင္ေလးနဲ႔ မိတ္ေဆြဖြဲ႕ၿပီး
စာေမးပြဲေျဖဖို႔သြားတဲ့ ခရီးတစ္ေလွ်ာက္ လိုက္လာၿပီး ပီယေဆးကိုယူႏိုင္ဖို႔ အခြင့္ေကာင္းကိုေခ်ာင္းေနခဲ့ပါတယ္။

ဒါေပမဲ့ ၂ ေယာက္ဟာ လမ္းခရီးမွာ အခ်င္းခ်င္းကူညီေပးၾကရင္း သူငယ္ခ်င္းေကာင္းေတြျဖစ္သြားတဲ့အခါမွာေတာ့
ေျမေခြးကေရာ သူ႔ရဲ႕မူလရည္႐ြယ္ခ်က္ကို ေအာင္ျမင္ေအာင္လုပ္ႏိုင္ဦးမလား၊
ဘယ္လိုျမႇဳပ္ကြက္ေတြရွိေနမလဲ ဇာတ္လမ္းေလးထဲမွာ ၾကည့္ရႈခံစားေပးၾကပါဦး။

Review – Yue Liang
File Size – 1.5GB
Format…mp4
Quality : 1080pWED-DL
Duration… 2
Genre : Action, Fantasy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yue Liang
Encoded by Arrow

No downloads available

Leave a Reply

Your email address will not be published. Required fields are marked *

Related movies