##unicode
Spy Gameဇာတ်ကားမှာတော့ မင်းသားကြီး Robert Redfordနဲ့ Brad Pittတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။
အမေရိကနဲ့တရုတ် ကုန်သွယ်ရေးညှိနှိုင်းမှုလုပ်နေချိန်မှာ တရုတ်ဘက်က SuChouအကျဉ်းထောင်ကို
ကျူးကျော်လာတဲ့အမေရိကန်သူလျိုတစ်ယောက်ကို ဖမ်းမိသွားကာ ၂၄နာရီအတွင်းကွပ်မျက်ဖို့ကြေညာခဲ့တယ်။
CIA ကအေးဂျင့်တစ်ယောက်ဖြစ်တဲ့Nathanက အရင်ကသူနဲ့အလုပ်တွဲလုပ်ဖူးသူ စပိုင်အေးဂျင့် တစ်ယောက်ဖြစ်တဲ့
Tom Bishopဟာ တရုတ်မှာအဖမ်းခံလိုက်ရကြောင်းသိလိုက်ခဲ့ပြီးပြန်ကယ်ဖို့လုပ်ပါတော့တယ်။
အမေရိကန်အာဏာပိုင်တွေက Tom Bishopကိုကယ်ဆယ်မှုက
တရုတ်အမေရိက ကုန်သွယ်ရေးညှိနှိုင်းမှုကို ပြသာနာဖြစ်စေမှာကိုစိုးရိမ်တဲ့အတွက်
ကယ်ဆယ်ရေးကိုပယ်ဖျက်လိုက်ခဲ့တယ်။CIAဘက်က ကယ်ဆယ်ရေးကိုမလုပ်မှန်း သိနေတဲ့ Nathanတစ်ယောက်ကတော့
Tom Bishopကိုကယ်တင်ဖို့အတွက်ကိုယ့်ဘာသာတစ်ယောက်တည်း ကြိုးစားရပါတော့တယ်။
ဒါပေမဲ့ရုံးမှာဘဲ သူ့ကိုစောင့်ကြည့်နေသူတွေများပြားတာကြောင့် လှည့်ကွက်မျိုးစုံကို ဖန်တီးကာ
TomBisopကိုကယ်တင်ဖို့အတွက် နည်းလမ်းရှာရပါတော့တယ်။
Nathan တစ်ယောက် CIAရဲ့စောင့်ကြည့်မှုကို ရှောင်ကြဉ်နိုင်ပြီး TomBishopကိုကယ်တင်နိုင်ပါ့မလားလို့ ကြည့်ရှုကြပါအုံး။
##zawgyi
Review – Myet Chel
File Size – 1.4GB
Format…mp4
Quality : 1080p Blu-ray
Genre : Action, Crime, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Myet Chel
Encoded by Arrow
Leave a Reply