Alpha Premium

Giju John

Kumari (2022) 7.6
Kumari (2022) ##unicode ဒီတစ်ခေါက်တော့ အိန္ဒိယဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Kumariဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ကူမာရီဟာသာမန်မိန်းကလေးတစ်ယောက်ပါ။အရွယ်ရောက်လာတော့ သူ့အိမ်က လူတွေရဲ့အစီအစဉ်အရကျိန်စာသင့်နယ်မြေက ဆက်ခံသူ ဒရူဗန်နဲ့အိမ်ထောင်ကျခဲ့ပါတယ်။အဲ့နယ်မြေဟာဟိုးအရင်မျိုးဆက်၁၂ဆက်ကတည်းက ရာဇဝင်ဆိုး သမိုင်းဆိုးတွေရှိခဲ့တာပါ။ တချိန်ကအဲ့နယ်မြေရဲ့ အရှင်သော့ပန်ဟာ နတ်တစ်ပိုင်းလူတစ်ပိုင်းဖြစ်တဲ့အီလီမာလာချသန်ရဲ့ အချစ်တော် ကလေးလေးကို သတ်ပစ်ခဲ့မိတဲ့အတွက် နယ်မြေတစ်ခုလုံး ကျိန်စာသင့်ခဲ့ရတာပါ။အဲ့ကျိန်စာကနေ လွတ်မြောက်ဖို့ အရှင်သော့ပန်ဟာနောက်ထပ်မကောင်းတဲ့ဝိဉာဉ်ဆိုးတစ်ခုဖြစ်တဲ့ ဂါရီဒေဗန်ကို ဆင့်ခေါ်ခဲ့ရပါတယ်။ဂါရီဒေဗန်က အဲ့နယ်မြေကို အီလီမာလာချသန်ရဲ့ကျိန်စာကနေ ကာကွယ်ပေးဖို့တစ်ခုတောင်းဆိုခဲ့ပါတယ်။ဂါရီဒေဗန် တောင်းဆိုတာကို အရှင်သော့ပန်က ဖြည့်ဆည်းပေးခဲ့တယ်။အဲ့လိုနဲ့မျိုးဆက်၁၂ဆက်အထိ ကျိန်စာကနေ လွတ်မြောက်ခဲ့တယ်။အခု မျိုးဆက်၁၂ဆက်မြောက်ဒရူဗန့်လက်ထက်မှာ ကျိန်စာဟာ ပြန်လည်ပေါ်ပေါက်လာပြီး ဂါရီဒေဗန်ကို ပြန်လည်ဆင့်ခေါ်ဖို့ဖြစ်လာခဲ့တယ်။ အဲ့အချိန်မှာဂါရီဒေဗန်ရဲ့စည်းမျဉ်းအရ သူ့ကိုဆင့်ခေါ်ချင်ရင် သူတောင်းဆိုတာကို လုပ်ပေးရဖို့ဖြစ်လာတဲ့အခါမှာတော့ အရှင်သော့ပန်လက်ထက်ကတည်းက ဂါရီဒေဗန်က ဘာတွေတောင်းဆိုခဲ့တာလဲ။ကူမာရီတို့ကရော ဘာတွေလုပ်ပေးရမှာလဲ။အီလီမာလာချသန်ဆိုတာရောဘယ်ကနေပေါ်လာတာလဲ။ ဒရူဗန်ကရော သူ့နယ်မြေကို ချသန်ရဲ့ကျိန်စာကနေကယ်တင်ပေးနိုင်မှာလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။ အိန္ဒိယကားကိုမှရှေးခေတ်horrorကား ကြိုက်တတ်တဲ့လူမျိုးဆို လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပါ။ တစ်scenceမှ လက်လွှတ်ချင်စရာမကောင်းအောင် ကောင်းတဲ့ဇာတ်ကားပါနော်ါ ##zawgyi ဒီတစ္ေခါက္ေတာ့ အိႏၵိယဇာတ္လမ္းေကာင္းတစ္ပုဒ္ျဖစ္တဲ့ Kumariဆိုတဲ့ဇာတ္ကားေလးနဲ႔ မိတ္ဆက္ေပးပါရေစ။ ကူမာရီဟာသာမန္မိန္းကေလးတစ္ေယာက္ပါ။အ႐ြယ္ေရာက္လာေတာ့ သူ႔အိမ္က လူေတြရဲ႕အစီအစဥ္အရက်ိန္စာသင့္နယ္ေျမက ဆက္ခံသူ ဒ႐ူဗန္နဲ႔အိမ္ေထာင္က်ခဲ့ပါတယ္။အဲ့နယ္ေျမဟာဟိုးအရင္မ်ိဳးဆက္၁၂ဆက္ကတည္းက ရာဇဝင္ဆိုး သမိုင္းဆိုးေတြရွိခဲ့တာပါ။ တခ်ိန္ကအဲ့နယ္ေျမရဲ႕ အရွင္ေသာ့ပန္ဟာ နတ္တစ္ပိုင္းလူတစ္ပိုင္းျဖစ္တဲ့အီလီမာလာခ်သန္ရဲ႕ အခ်စ္ေတာ္ ကေလးေလးကို သတ္ပစ္ခဲ့မိတဲ့အတြက္ နယ္ေျမတစ္ခုလုံး က်ိန္စာသင့္ခဲ့ရတာပါ။အဲ့က်ိန္စာကေန လြတ္ေျမာက္ဖို႔ အရွင္ေသာ့ပန္ဟာေနာက္ထပ္မေကာင္းတဲ့ဝိဉာဥ္ဆိုးတစ္ခုျဖစ္တဲ့ ဂါရီေဒဗန္ကို ဆင့္ေခၚခဲ့ရပါတယ္။ဂါရီေဒဗန္က အဲ့နယ္ေျမကို ...
7.6
IMDB: 7.6/10 612 votes
movie

Kumari (2022)

2022

Release year

Genres

Release year