Alpha Premium

John Schneider

Hope Ranch 4.4
Hope Ranch RIDING FAITH / Hope Ranch ဆိုတဲ့ ဇာတ်​ကား​လေးထဲမှာ​တော့ ​​ မြို့ပြကြီးက​နေ ​ကျေးလက်​​ဒေသကို​ပြောင်း​ရွေ့ကာ ​မွေးမြူ​ရေးလုပ်​ငန်းလုပ်ကိုင်​ရင်း ​ပျော်​ရွှင်​​နေတဲ့ မိသားစု​လေးတစ်​စု ဖခင်​ဖြစ်​သူ စစ်​ပွဲမှာ ​သေဆုံးသွားပြီး​နောက်​ ဘဝကို ရုန်းကန်​ဖြတ်​သန်းရပုံ​တွေကို ရိုက်​ကူးပုံ​ဖော်​ထားတာပဲဖြစ်​ပါတယ်​။ ဂ​ရေ့စ်​ဟာ ဖခင်​ဖြစ်​သူ​သေဆုံးသွားပြီး​နောက်​ ဘုရားသခင်​ကိုယုံကြည်​မှုမရှိ​တော့ဘဲ ဖခင်​အ​မွေ​ပေးခဲ့တဲ့ မြင်း​လေး ​ဖေ့သ်​နဲ့သာ အချိန်​ကုန်​​နေသူ ဆယ်​​ကျော်​သက်​ မိန်းမငယ်​​လေးတစ်​​ယောက်​ပါ။ ခင်​ပွန်းသည်​ရဲ့ ​မွေးမြူ​ရေးလုပ်​ငန်းကို နိုင်​နင်းစွာမလုပ်​နိုင်​တဲ့ ​ရေဗက္ကာဟာ ​ယောက်ျား​သေဆုံးပြီး​နောက်​ ဘဏ်​မှာ ​မွေးမြူ​ရေးခြံကို​ပေါင်​ပြီး စားဝတ်​​နေ​ရေးကို ​ဖြေရှင်းခဲ့ရပါတယ်​။ သူတို့မိသားစု​လေး ထာဝရအတူ​နေမယ်​လို့ ရည်​ရွယ်​ထားတဲ့ အိမ်​နဲ့ ​မွေးမြူ​ရေးခြံ​လေး ဘဏ်​အ​ပေါင်​ဆုံး​တော့မယ့်​ အချိန်​မှာ​တော့ ​ရေဗက္ကာဟာ သူတို့ပိုင်​ဆိုင်​သမျှ ပစ္စည်း​တွေအပါအဝင်​ ဂ​ရေ့စ်​ရဲ့ မြင်း​လေး ​ဖေ့သ်​ကိုပါ ​ရောင်းချဖို့ စဉ်းစားရပါ​တော့တယ်​။ ​ဖေ့သ်​ကို အဆုံးအရှုံးမခံနိုင်​တဲ့ ဂ​ရေ့စ်​တစ်​​ယောက်​ သူမယုံကြည်​​တော့တဲ့ ဘုရားသခင်​ဆီမှာ ​မျှော်​လင့်​ချက်​ကို ပြန်​ရှာမလား ခင်​ပွန်း​သည်​ရဲ့ အိမ်​​ရော ...
4.4
IMDB: 4.4/10 98 votes
movie

Hope Ranch

2020
Premium
Penance Lane 5.4
Penance Lane Panance Lane (2020) ========================================== ဒီတစ်ခါတော့ သည်းထိပ်ရင်ဖိုကား ခပ်ကြမ်းကြမ်း သွေးသံတရဲရဲကားကို ကြည့်ချင်သူတို့အတွက် ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခရစ်ဆန်ဆိုတဲ့ ထောင်ထွက်ဟာ အကျဥ်းထောင်မှာ ခင်မင်ခဲ့တဲ့ သူငယ်ချင်းရဲ့ အကူအညီတောင်းမှုကို လက်ခံခဲ့ပါတယ်။ အဲ့တာကတော့ နယ်မြို့လေးမှာ ဖွက်ထားခဲ့တဲ့ သူ့သူငယ်ချင်းရဲ့ ပိုက်ဆံကို သွားရှာပြီး သူငယ်ချင်းအတွက် ကလဲ့စားချေပေးဖို့ပါပဲ။ ဒီလိုနဲ့ သူဟာ နယ်မြို့လေးကို ထောင်က ထွက်ထွက်ချင်းပဲ သွားရောက်ခဲ့ပါတယ်။ အဲ့မြို့က အိမ်အပျက်တစ်လုံးကို ပြင်ဆင်ပေးဖို့ အလုပ်ကို လက်ခံခဲ့ပါတယ်။ ဒီလိုနဲ့ ခရစ်ဆန်ဟာ သူရောက်နေတဲ့အိမ်ဟာ သာမာန်အိမ်မဟုတ်တဲ့အပြင် သူလက်ခံမိတဲ့ အလုပ်ဟာလည်း ရိုးသားမှုမရှိတာကို တဖြည်းဖြည်း ရိပ်မိလာပါတော့တယ်။ သူရောက်နေတဲ့ မြို့ကလူတွေကလည်း မြို့အတွက် တစ်ခုခုကို ဖုံးအုပ်ပေးနေသလို ကြောက်နေသလို ခံစားလာရပါတယ်။ ခရစ်ဆန်တစ်ယောက် သူရဲ့ တာဝန်ကို ပြီးမြောက်နိုင်ပါ့မလား။ အိမ်ကြီးရဲ့ လျှို့ဝှက်ချက်တွေကိုရော ရှာဖွေတွေ့ရှိနိုင်ပါ့မလားဆိုတာကို ရင်တထိပ်ထိပ်နဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ကားကောင်းလေးမို့ ...
5.4
IMDB: 5.4/10 40 votes
movie

Penance Lane

2020
Premium

Release year

Genres

Release year