Alpha Premium

Neha Sharma

Aafat-e-Ishq (2021) 6.7
Aafat-e-Ishq (2021) ##unicode Aafat-e-Ishqဇာတ်ကားမှာတော့ Lollaဟာ ရိုးအတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့အလုပ်ရှင်လေဖြတ်နေတဲ့အဖွားကြီးကို ပြုစုနေရသူဖြစ်တယ်။သူဟာ စာအုပ်တွေဖတ်ရတာကြိုက်ပြီးတော့ စာအုပ်တွေထဲကလို အသက်၃၀ပြည့်တဲ့အချိန်မှာ သူ့ရဲ့အချစ်စစ်ကိုရှာတွေ့မယ်လို့ စိတ်ကူးယဉ်ခဲ့ပါတယ်။ ဒါပေမဲ့ Lollaအသက်၃၀ပြည့်တဲ့နေ့မှာ သူ့အလုပ်ရှင်အဖွားကြီးက သေဆုံးသွားခဲ့တယ်။ သူ့အလုပ်ရှင်ရဲ့ညီမတွေက အမွေခွဲဖို့အတွက် သူ့ကိုအိမ်ကမောင်းထုတ်ခဲ့ပေမဲ့ Lollaရဲ့အလုပ်ရှင်အဖွားကြီးဟာ သူ့အိမ်ကို Lollaနာမည်နဲ့လွဲပေးထားခဲ့တာဖြစ်ပါတယ်။သူ့အလုပ်ရှင်ရဲ့ညီမနှစ်ယောက်ဟာ Lollaအိမ်ရသွားတဲ့အတွက် မကျေမနပ်ဖြစ်ကာ သူတို့အမကို Lollaသတ်ခဲ့တာဖြစ်ကြောင်း ရဲကိုတိုင်ကြားခဲ့တဲ့အတွက် ရဲအရာရှိVirkamဟာ Lollaကိုစုံစမ်းဖို့ Lollaအိမ်ကို အိမ်ဌားအဖြစ်ရောက်လာခဲ့တယ်။အဲ့အချိန်မှာဘဲ lollaနဲ့ပတ်သတ်မိတဲ့ ယောကျာ်းလေးတိုင်းဟာ ထူးထူးဆန်းဆန်းနည်းတွေနဲ့ အကုန်သေဆုံးခဲ့တာကြောင့် Lollaဟာ သူ့ကိုယ်သူကျိန်စာမိနေတယ်လို့ထင်ခဲ့တယ်။ ရဲတွေကလဲ Lollaကိုလူသတ်သမားလို့အထင်မှားကာ ဖမ်းဆီးနိုင်ဖို့အတွက်Virkamကိုဆက်လက်စောင်ကြည့်စေခဲ့တယ်။ Lollaတစ်ယောက်က တကယ်ဘဲကျိန်စာမိနေတာလား။ရဲအရာရှိVirkamကရော Lollaအနားက ယောကျာ်းတွေလို သေဆုံးသွားမလားဆိုတာ ကြည့်ရှုကြပါအုံး။ ##zawgyi Aafat-e-Ishqဇာတ္ကားမွာေတာ့ Lollaဟာ ႐ိုးအတဲ့မိန္းကေလးတစ္ေယာက္ျဖစ္ၿပီးေတာ့ သူ႔ရဲ႕အလုပ္ရွင္ေလျဖတ္ေနတဲ့အဖြားႀကီးကို ျပဳစုေနရသူျဖစ္တယ္။သူဟာ စာအုပ္ေတြဖတ္ရတာႀကိဳက္ၿပီးေတာ့ စာအုပ္ေတြထဲကလို အသက္၃၀ျပည့္တဲ့အခ်ိန္မွာ သူ႔ရဲ႕အခ်စ္စစ္ကိုရွာေတြ႕မယ္လို႔ စိတ္ကူးယဥ္ခဲ့ပါတယ္။ ဒါေပမဲ့ Lollaအသက္၃၀ျပည့္တဲ့ေန႔မွာ သူ႔အလုပ္ရွင္အဖြားႀကီးက ေသဆုံးသြားခဲ့တယ္။ သူ႔အလုပ္ရွင္ရဲ႕ညီမေတြက အေမြခြဲဖို႔အတြက္ သူ႔ကိုအိမ္ကေမာင္းထုတ္ခဲ့ေပမဲ့ Lollaရဲ႕အလုပ္ရွင္အဖြားႀကီးဟာ သူ႔အိမ္ကို Lollaနာမည္နဲ႔လြဲေပးထားခဲ့တာျဖစ္ပါတယ္။သူ႔အလုပ္ရွင္ရဲ႕ညီမႏွစ္ေယာက္ဟာ Lollaအိမ္ရသြားတဲ့အတြက္ မေက်မနပ္ျဖစ္ကာ သူတို႔အမကို Lollaသတ္ခဲ့တာျဖစ္ေၾကာင္း ရဲကိုတိုင္ၾကားခဲ့တဲ့အတြက္ ရဲအရာရွိVirkamဟာ Lollaကိုစုံစမ္းဖို႔ Lollaအိမ္ကို အိမ္ဌားအျဖစ္ေရာက္လာခဲ့တယ္။အဲ့အခ်ိန္မွာဘဲ lollaနဲ႔ပတ္သတ္မိတဲ့ ေယာက်ာ္းေလးတိုင္းဟာ ထူးထူးဆန္းဆန္းနည္းေတြနဲ႔ အကုန္ေသဆုံးခဲ့တာေၾကာင့္ Lollaဟာ သူ႔ကိုယ္သူက်ိန္စာမိေနတယ္လို႔ထင္ခဲ့တယ္။ ရဲေတြကလဲ Lollaကိုလူသတ္သမားလို႔အထင္မွားကာ ...
6.7
IMDB: 6.7/10 1456 votes
movie

Aafat-e-Ishq (2021)

2021
1080p/720p

Release year

Genres

Release year