Alpha Premium

Phi Nguyen

Moloch (2022) 6.2
Moloch (2022) (App only) (free ကြည့်ချင်သူများ app ကနေကြည့်လို့ရပါတယ်) ##unicode ဘီထရစ်ဆိုတဲ့အမျိုးသမီးဟာ ငယ်စဉ်ကတည်းကအဖွားဖြစ်သူသတ်ဖြတ်ခံရတာကိုကြောက်ရွံ့ဖွယ်မျက်မြင်တွေ့ခဲ့သူပါ။ ခင်ပွန်းဖြစ်သူသေဆုံးပြီးနောက်သူ့မိဘတွေနဲ့ သူ့သမီးလေးနဲ့အတူ နယ်သာလန်ရဲ့ကျေးလက်ဒေသပိုင်း ရွှံ့တွင်းတွေရှိတဲ့နေရာမှာနေထိုင်ခဲ့ပါတယ်။ သူတို့ပတ်ဝန်းကျင်ကနယ်ခံတွေကတော့အဘွားဖြစ်သူကလည်းအသတ်ခံရတယ် ခင်ပွန်းကလည်းနှလုံးရောဂါကြောင့်သေသွားခဲ့တယ် မိခင်ကလည်း ကျန်းမာရေး မကောင်းဖခင်ကလည်းအလုပ်ပြုတ် အရက်သမားဖြစ်ခဲ့တဲ့အတွက်သူတို့မိသားစုဟာ ကျိန်စာဆိုးကြီးသင့်နေတယ်လို့သတ်မှတ်ခဲ့ကြတာပါ။ တစ်ဖန်သုတေသနပညာရှင်တွေကလည်း ရွှံ့တွင်းအတွင်းမှ မိုလော့ချ်နတ်ဘုရားကိုလည်ပင်းဖြတ်ယဇ်ပူဇော်ခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ ရုပ်ကြွင်းတွေကိုရှာဖွေတွေ့ခဲ့ပါတယ်။တစ်နေ့မှာသူတို့မိသားစုရုတ်တရက်ကြောက်မက်ဖွယ်တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ ဘီထရစ်ဟာ ကျိန်စာပြန်အသက်ဝင်လာပြီကိုသိခဲ့ရပါတယ်။ကျိန်စာကိုတိုက်ဖျက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေရင်းနဲ့ကျိန်စာရဲ့အရင်းမြစ်ကဘာလဲ၊ သူ့အတိတ်ဆိုးတွေနဲ့ဆက်စပ်နေသလား၊မိုလော့ချ်နတ်ဘုရားနဲ့ရောဘယ်လိုတွေဆက်စပ်နေမလဲ၊သူ့မိသားစုကိုရောကျိန်စာ ဆိုးကနေကာကွယ်နိုင်ပါ့မလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ နတ်ဘုရားဆိုတာတကယ်ရှိသလား ။ကြောက်မက်ဖွယ်ကျိန်စာဆိုးတွေကရော ဘာတွေဆက်ဖြစ်သွားမလဲ။ horrorgenreကိုသဘောကျတဲ့လူများလက်မလွှတ်သင့်တဲ့နိုင်ငံခြားဒတ်ချ်လူမျိုးတွေရဲ့horrorကားတစ်ကားပါ။ ဇာတ်ဝင်ခန်းတစ်ခန်းချင်းတစ်ခန်းကို ဇာတ်ရှိန်တတ်လာအောင် စိတ်ဝင်စားဖွယ်ကောင်းလာအောင်ရသစုံရိုက်ကူးတင်ဆက်ထားတဲ့ကားကြီးပါ။ ##zawgyi ဘီထရစ္ဆိုတဲ့အမ်ိဳးသမီးဟာ ငယ္စဥ္ကတည္းကအဖြားျဖစ္သူသတ္ျဖတ္ခံရတာကိုေၾကာက္႐ြံ႕ဖြယ္​မ်က္ျမင္ေတြ႕ခဲ့သူပါ။ ခင္ပြန္းျဖစ္​သူေသဆုံးၿပီးေနာက္သူ႔မိဘေတြနဲ႔ သူ႔သမီးေလးနဲ႔အတူ နယ္သာလန္ရဲ႕ေက်းလက္ေဒသပိုင္း ႐ႊံ႕တြင္းေတြရွိတဲ့ေနရာမွာေနထိုင္ခဲ့ပါတယ္။ သူတို႔ပတ္ဝန္းက်င္ကနယ္ခံေတြကေတာ့အဘြားျဖစ္သူကလည္းအသတ္ခံရတယ္ ခင္ပြန္းကလည္းႏွလုံးေရာဂါေၾကာင့္ေသသြားခဲ့တယ္ မိခင္ကလည္း က်န္းမာေရး မေကာင္းဖခင္ကလည္းအလုပ္ျပဳတ္ အရက္သမားျဖစ္ခဲ့တဲ့အတြက္သူတို႔မိသားစုဟာ က်ိန္စာဆိုးႀကီးသင့္ေနတယ္လို႔သတ္မွတ္ခဲ့ၾကတာပါ။ တစ္ဖန္သုေတသနပညာရွင္ေတြကလည္း ႐ႊံ႕တြင္းအတြင္းမွ မိုေလာ့ခ်္နတ္ဘုရားကိုလည္ပင္းျဖတ္ယဇ္ပူေဇာ္ခံခဲ့ရတဲ့ အမ်ိဳးသမီးေတြရဲ႕ ႐ုပ္ႂကြင္းေတြကိုရွာေဖြေတြ႕ခဲ့ပါတယ္။တစ္ေန႔မွာသူတို႔မိသားစု႐ုတ္တရက္ေၾကာက္မက္ဖြယ္တိုက္ခိုက္ခံရၿပီးတဲ့ေနာက္မွာ ဘီထရစ္ဟာ က်ိန္စာျပန္အသက္ဝင္လာၿပီကိုသိခဲ့ရပါတယ္။က်ိန္စာကိုတိုက္ဖ်က္ႏိုင္မယ့္ နည္းလမ္းေတြကို ရွာေဖြရင္းနဲ႔က်ိန္စာရဲ႕အရင္းျမစ္ကဘာလဲ၊ သူ႔အတိတ္ဆိုးေတြနဲ႔ဆက္စပ္ေနသလား၊မိုေလာ့ခ်္နတ္ဘုရားနဲ႔ေရာဘယ္လိုေတြဆက္စပ္ေနမလဲ၊သူ႔မိသားစုကိုေရာက်ိန္စာ ဆိုးကေနကာကြယ္ႏိုင္ပါ့မလားဆိုတာကိုစိတ္ဝင္စားဖြယ္ၾကည့္ရႈရမွာပါ။ နတ္ဘုရားဆိုတာတကယ္ရွိသလား ။ေၾကာက္မက္ဖြယ္က်ိန္စာဆိုးေတြကေရာ ဘာေတြဆက္ျဖစ္သြားမလဲ။ horrorgenreကိုသေဘာက်တဲ့လူမ်ားလက္မလႊတ္သင့္တဲ့ႏိုင္ငံျခားဒတ္ခ်္လူမ်ိဳးေတြရဲ႕horrorကားတစ္ကားပါ။ ဇာတ္ဝင္ခန္းတစ္ခန္းခ်င္းတစ္ခန္းကို ဇာတ္ရွိန္တတ္လာေအာင္ စိတ္ဝင္စားဖြယ္ေကာင္းလာေအာင္ရသစုံ႐ိုက္ကူးတင္ဆက္ထားတဲ့ကားႀကီးပါ။ Review – Thant Sin Hnin File Size – 1GB,2GB Format…mp4 Quality : 720p WED-DL,1080p WED-DL Subtitle : Myanmar Subtitle (Hard Sub) Translated by Thant Sin ...
6.2
IMDB: 6.2/10 431 votes
movie

Moloch (2022)

2022

Release year

Genres

Release year