Alpha Premium
Suffragette (2022)
Suffragette (2022)
Suffragette    12 Oct 2015
PG-13 106 min DramaHistory
6.9
IMDB: 6.9/10 41,564 votes
,
, , , , , , , , ,
17 wins & 21 nominations
United Kingdom, France
1004
Report error
(App member only)
##unicode
?Suffragette 2015 Synopsis?
ဒီတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ 2015 ထွက် Rating 6.9/ Rotten Tomatoes 73% ရရှိခဲ့တဲ့ Drama/Historical film အမျိုးအစား
ဇာတ်ကားကားတစ်ကား။1912 ခုနှစ် ဗြိတိန်နိုင်ငံရှိ အမျိုးသမီးတွေ မဲပေးခွင့်မရှိတဲ့ ဥပဒေကို ရဲရဲရင့်ရင့်‌တိုက်ပွဲဝင်ကာ မဖြစ်ဖြစ်တဲ့နည်းနဲ့
တော်လှန်ဖယ်ရှားဖို့ကြိုးစားခဲ့တဲ့ မဲဆွယ်စည်းရုံးရေးသမား ဗြိတိသျှအမျိုးသမီးတွေရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ “Suffragette” ဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
ဇာတ်ကား Title ဖြစ်တဲ့ “Suffragette” ဆိုတာ (၂၀) ရာစုနှစ်အစောပိုင်းကာလ မဲပေးပိုင်ခွင့်ရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်တဲ့ အမျိုးသမီးကို
ရည်ရွယ်တာပဲ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းထဲမှာတော့ “မိန်းမသားတွေကို ရက်ရက်စက်စက် ရိုက်နှတ်နေတာကို အေးအေးဆေးဆေးရပ်ကြည့်နေဖို့ ဒီလိုအခွင့်အရေးမျိုး ရှင့်ကို
ဘယ်အရာက ပေးထားတာလဲ၊ ယောက်ျားတွေနားထောင်တဲ့ တစ်ခုတည်းသော ဘာသာစကားက စစ်ပွဲပဲ၊ ဥပဒေက ကျွန်မမွေးထားတဲ့သားကို
တွေ့ခွင့်မရှိဘူးလို့ ဆိုလာရင် အဲဒီဥပဒေကို ကျွန်မတော်လှန်မယ်” လို့ အပြတ်သားဆုံးဆိုကာ မိန်းမသားတွေရဲ့ရပိုင်ခွင့် “Vote for women”
အခွင့်အရေးအတွက် ဘဝကိုရင်းကာ တိုက်ပွဲဝင်ခဲ့သူ မစ္စစ် မို့ဒ်ဝပ်စ်….။
“ဘယ်တော့မှ အရှုံးမပေးနဲ့၊ ဘယ်တော့မှ လက်နက်ချ အညံ့မခံနဲ့၊ ကျွန်ဖြစ်ရတာထက် အမှန်တရားအတွက် သူပုန်ဖြစ်ရတာက ပိုကောင်းတယ်” ဆိုတဲ့
အယူအဆနဲ့ နှစ်ပေါင်းများစွာကြာ အမျိုးသမီးမဲပေးခွင့်ရရှိဖို့ အမျိုးသမီးရဲဘော်တွေရဲ့ရှေ့ဆောင်ခေါင်းဆောင်အနေနဲ့ စည်းရုံးမဲဆွယ်လာသူ မစ္စစ် ပန်ခါ့စ်ထ်….။
“တော်လှန်ရေးသမားဆိုတာ ကိုယ်တိုင်အပါအဝင် ကိုယ်ချစ်ရတဲ့အရာရာကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်ရတာ။ အားလုံးဟာချစ်သူခင်သူတွေနဲ့
ခွဲခွာဝေးကွာနေကြသူတွေချည်းပဲ။ ဘာမှမရင်းဘဲ ဘယ်အရာကိုမှ ရလာမှာမဟုတ်ဘူး” လို့ ဆိုကာ အမျိုးသမီးထုရဲ့အခွင့်အရေးအတွက်
ဦးဆောင်အစီအစဉ်ဆွဲကာ အမြဲရှေ့ထွက်တိုက်ပွဲဝင်ခဲ့သူမစ္စစ် အယ်လန်…။
“အမျိုးသမီးတွေအတွက်တော့ ထင်ထားတာထက် ပိုခက်ခဲမှာပဲ။ ဘယ်လိုပဲဖြစ်နေနေ ငါတို့လုပ်နိုင်တာကို လုပ်နိုင်သမျှ လုပ်ရမယ်။
ဥပ‌ဒေကို လေးစားလိုက်နာဖို့အတွက် အရင်ဆုံး လေးစားရမဲ့ ဥပဒေမျိုး ရှိဖို့လိုတယ်” လို့ ဆိုကာ သားသမီးတွေကိုဂရုမစိုက်အား၊
ဝမ်းစာအတွက် အလုပ်လုပ်ရင်းက “Vote for women” အတွက် နေရာတိုင်းမှာလှုံ့ဆော်စည်းရုံးတတ်သူ၊ ကိုယ်တိုင်လည်း ရှေ့တန်းကနေ
စိတ်ဓာတ်ထက်သန်စွာ တိုက်ပွဲဝင်နေသူ မစ္စစ် ဗိုင်အိုလက်…။
ထောင်ဟာအိမ်ဖြစ်လာတဲ့အထိ ခိုင်ခိုင်မာမာ တော်လှန်ရင်း ထောင်ထဲမှာလည်း အစာငတ်ခံဆန္ဒပြသူ၊ တော်လှန်ရေးအတွက် အရာရာကို ပေးဆပ်ဖို့ဝန်မလေး၊
အသက်စွန့်ဖို့ တွေဝေမနေတတ်တဲ့သူ။ တော်လှန်ရေးခရီးပေါက်ဖို့ ဘယ်လိုအခြေအနေဖြစ်ဖြစ် အရာထင်ဖို့ ဘာမဆိုရင်းရဲတဲ့ အရဲရင့်ဆုံးအမျိုးသမီး
မစ္စစ် အမ်မလီ….။
စတဲ့ စတဲ့ ဇာတ်ကောင်တွေရဲ့ အသက်၊သွေး၊ချွေးတွေကို အရင်းပြုကာ အားနဲ့မာန်နဲ့တိုက်ပွဲဝင်ပုံတွေကို Historical Film အမျိုးအစား ဒီဇာတ်ကားထဲမှာ
ထိထိမိမိ ရှုစားကြရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးနော်။ အားပေးကြည့်ရှုကြတဲ့ ပရိသတ်များကို ကျေးဇူးတင်ပါတယ်။
##zawgyi
မစ္စစ် အမ်မလီ….။
Review – Lullaby
File Size – 1.3GB,2.7GB
Format…mp4
Quality : 720p Blu-ray,1080p Blu-ray
Subtitle : Myanmar Subtitle (Hard Sub)
Translated by Lullaby
Encoded by Arrow
====================================================================
App ဒေါင်းရန်
App Link
မန်ဘာဝင်လိုသူများ
viber – 0969117714
Upload on Youtube
Suffragette (2022)
No links available
No downloads available
Leave a Reply
Your email address will not be published. Required fields are marked *
Warning: Illegal string offset 'ID' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field-group.php on line 365
Warning: Illegal string offset 'title' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field-group.php on line 366
Warning: Illegal string offset 'key' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field-group.php on line 367
Warning: Illegal string offset 'menu_order' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field-group.php on line 368
Warning: Illegal string offset 'active' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field-group.php on line 369
Warning: Illegal string offset 'key' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field-group.php on line 373
Related movies