Alpha Premium
Premium Survive the Night
Report error

Survive the Night

Survive the Night    

R 90 min ActionDramaThriller

6.0
IMDB: 6.0/10 771 votes

, , ,

N/A

USA

1380

Report error

Survive the Night (2020)
====================================
နောက်ပိုင်းမှာ Bruce Willis ကားတွေကိုကြည့်ရတာ ဇာတ်ရှိန်ကို တဖြည်းဖြည်း ဆွဲတင်သွားတဲ့ ကားလေးတွေများလာပါတယ်။ ဒီကားထဲမှာလည်း ကျရှုံးမှုတွေရင်ဆိုင်နေရတဲ့ ဒေါက်တာရစ်ချ်ရဲ့အဖေနေရာ ရဲဝန်ထမ်းဟောင်းနေရာကနေ သရုပ်ဆောင်သွားပါတယ်။

မားသီးယပ်စ်နဲ့ ဂျေမီတို့ ညီအစ်ကိုနှစ်ယောက်ဟာ အချီကြီးပွလာပြီးတဲ့နောက်မှာ ညတွင်းချင်းပဲ နယ်စပ်ကိုထွက်ပြေးဖို့လုပ်ကြပါတယ်။ လမ်းမှာဓာတ်ဆီဝင်ထည့်ရင်း ဓာတ်ဆီဖိုးသွားရှင်းဖို့ စတိုးဆိုင်ထဲကိုဝင်သွားတဲ့ ဂျေမီရဲ့ မဆင်မချင်လုပ်ရပ်ကြောင့် သူခိုးဘဝကနေ ပစ်ခတ်မှုတွေဖြစ်ပြီး လူသတ်သမားဘဝပါ ရောက်သွားပါတယ်။ ပစ်ခတ်မှုမှာ မားသီးယပ်စ် ဒဏ်ရာရသွားခဲ့လို့ ကုသပေးနိုင်မယ့် ဆရာဝန်လိုက်ရှာရင်းနဲ့ သိက္ခာကျအရှက်ကွဲပြီး အဖေနဲ့ အမေအိမ်မှာပြန်နေနေတဲ့ ဒေါက်တာ ရစ်ချ်ကိုတွေ့ပြီး ရစ်ချ်ကို ကုသခိုင်းဖို့ ရစ်ချ်အိမ်ကိုတိတ်တဆိတ်လိုက်သွားရာကနေ ပြဿနာတွေက ထင်ထားတာထပ်ပိုရှုပ်ကုန်ပါတော့တယ် ။

ဒီကားလေးက အစပိုင်းမှာ ခပ်ကြမ်းကြမ်း Action ကားလို့ထင်ရပေမယ့် တဖြည်းဖြည်း သည်းထိတ်ရင်ဖိုခံစားရလာပြီး ချစ်ချင်းမေတ္တာနှစ်ခုကိုအားပြိုင်ပြထားတဲ့ ဇာတ်ကားလေးပါ။ ချစ်တယ်လို့ပြောနေတာမျိုးတွေမပါပဲနဲ့ ချစ်ခြင်းမေတ္တာကို ပါးပါးလေးထည့်ပြသွားတာပါ။ ညတစ်ညတည်းကိုဇာတ်အိမ်တည်ထားပြီးတော့ လူဆိုးတွေရဲ့ ရင်ဘတ်ထဲက နူညံသိမ်မွေ့ပုံလေးတွေကိုပါ ပြသွားပါတယ်။ တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ လူတိုင်းနဲ့ထိုက်တန်တယ်မဟုတ်ပါလား။ ဒေါသရှေ့ကိုရောက်ရင် မှားတတ်တယ်ဆိုတာမျိုးလေးကို ကြည့်နေရင်းနဲ့ခံစားမိလာတာမျိုးပါ။ သေနတ်သံတဒိုင်းဒိုင်းနဲ့အက်ရှင်ကားက အရမ်းကိုနူညံသိမ်မွေ့နေတာကတော့ Amazing ပါပဲ။

Survive the Night
Survive the Night
  • Download Links Server Audio / Language Quality
No downloads available

Leave a Reply

Your email address will not be published. Required fields are marked *

Related movies