Tears of No Regret (2020)
========================
ဝူခုန်းဆိုရင် တော်တော်များများက ဆရာတော်နဲ့ အတူတူ ကျမ်းစာသွားယူတဲ့ အနောက်ဘက်သို့ ခရီးနှင်ခြင်းဆိုတဲ့ အကြောင်းကိုပဲ ရိုက်ပြကြတာများတယ်။ ရန်သူတွေပဲကွဲသွားမယ် ဝူခုန်း ဆရာတော် ပါကျဲ ဝူကျင်းတို့ ၄ယောက် ခရီးနှင်တဲ့ ပုံစံတွေပါပဲ။
ဒီ Tears of No Regret မှာတော့ ပါကျဲနဲ့ ဝူကျင်းမပါတော့ပဲ ဆရာတော်နဲ့ ဝူခုန်းပဲပါမယ်။ ပြီးတော့ ဆရာတော်တို့က ကျမ်းစာကို သွားယူပြီးကြပြီ။ သွားယူပြီးတဲ့ နောက်ပိုင်းအချိန်ကို ရိုက်ပြထားတာပေါ့။ အဲ့ဒီအချိန်မှာ ဆရာတော်ရဲ့ အသက်ကို ရန်ရှာမဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။ ဝူခုန်းက ဆရာတော်ရဲ့ အသက်ကိုကယ်ဖို့အတွက် အတိတ်ကို ပြန်သွားပြီးတော့ အဲ့ဒီမိန်းကလေးကို ဆရာတော်ကို မသတ်ချင်တော့အောင်ပြောင်းလဲပေးတာပါ။
တရုတ်ကားပီပီ CGI မိုက်မိုက်လေးနဲ့ ဝူခုန်းကို အမြင်တစ်မျိုးနဲ့ကြည့်ရမှာပါ။ အဲ့ဒီအတွက်ကြောင့် အသစ်ထွက်လာတဲ့ ဝူခုန်းကားလေးကို မကြည့်လိုက်ရ မဖြစ်အောင် တင်ဆက်ပေးလိုက်ပါတယ်။
Leave a Reply