##unicode
ဒီတစ်ခေါက်တင်ပြပေးမယ့် “Tetris” ဆိုတဲ့ကားလေးမှာတော့ ကမ္ဘာ့အကျော်ကြားဆုံးနဲ့ နာမည်အကြီးဆုံးဂိမ်းတစ်ခုဖြစ်တဲ့
Tetris(တက်ထရစ်)ဂိမ်းဟာ ဘယ်လိုပုံစံမျိုးနဲ့ သုံးစွဲသူ၊ကစားသူတွေရဲ့လက်ထဲကိုရောက်ရှိလာတာလဲဆိုတဲ့အကြောင်းကိုရိုက်ကူးပြထားတာဖြစ်ပါတယ်
ပထမဆုံးအနေနဲ့ ဒီဂိမ်းကို ၁၉၈၄ ခုနှစ်မှာစပြီးတီထွင်ခဲ့တာဖြစ်ပြီးတော့ ဂိမ်းရဲ့တီထွင်ဖန်တီးသူကတော့ရုရှားနိုင်ငံမော်စကိုမှာနေထိုင်တဲ့
အဲလက်စီပါဂျစ်နော့ဗ်ဖြစ်ပါတယ် ဒီ Tetris ဂိမ်းတွေဟာသုံးစွဲသူတွေကြားထဲအရမ်းကိုရေပန်းစားနေပေမယ့် ဆိုဗီယက်ယူနီယံရဲ့စည်းမျဉ်းအရ
အဲလက်စီဟာဒီဂိမ်းကရတဲ့အကျိုးခံစားခွင့်ကိုရယူခွင့်မရှိပါဘူး ဟန့်ရော်ဂျာကတော့ Consumer Electronics Show မှာသူတီထွင်ထားတဲ့ GO ဂိမ်းကို
ရောင်းနေတဲ့အချိန်မှာ ဒီတက်ထရစ်ဂိမ်းကိုသွားပြီးတော့ တွေ့ခဲ့တာပါ အဲဒီအချိန်ကနေစပြီးတော့ ဟန့်ဟာတက်ထရစ်ဂိမ်းကိုခေါင်းထဲကထုတ်လို့မရတော့ဘဲ
ဒီဂိမ်းရဲ့မူပိုင်ခွင့်ကိုရအောင်ဝယ်ပြီး လုပ်ငန်းလုပ်ဖို့အတွက်စီစဉ်ပါတော့တယ် ဒါပေမယ့်ဒီဂိမ်းကိုနောက်ထပ်ကုမ္ပကြီးတစ်ခုဖြစ်တဲ့
မယ်ရာဆော့ဖ်မီဒီယာကုမ္ပဏီကလည်း မျက်စိကျနေခဲ့ပါတယ်
ဟန့်နဲ့မယ်ရာဆော့ဖ်ကုမ္ပဏီတို့ မူပိုင်ခွင့်အတွက် ဘယ်လောက်အထိ ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်ခဲ့ကြလဲ၊ ဟန့်ရော်ဂျာနဲ့ အဲလက်စီတို့အနေနဲ့
ဒီဂိမ်းကိုလူတွေရဲ့ရှေ့ချပြနိုင်ဖို့အတွက် ဘယ်လောက်အထိစွန့်စားအားထုတ်ခဲ့ရတယ်ဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင်တင်ပြထားတဲ့
ကားလေးဖြစ်လို့ ကြည့်ရှုအားပေးကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 1GB,2.4GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
GDtotဒေါင်းနည်း 2 (Chrome browser သံုးပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Upload on Youtube
Upload on Youtube
Leave a Reply