အမေရိကန်သမိုင်းမှာ အသားအရောင်ခွဲခြားမှုကြောင့်ဖြစ်ပေါ်လာတဲ့ လူမျိုးရေးအဓိကရုဏ်းတွေအများကြီးရှိပါတယ်။
ဒီထဲမှာမှ ပထမကမ္ဘာစစ်အတွင်း ၁၉၁၇ခုနှစ် အမေရိကန်နိုင်ငံ၊ဟူစတန်မြို့မှာဖြစ်ခဲ့တဲ့အဓိကရုဏ်းမှာတော့
အမေရိကန်လူမည်းစစ်သားတွေပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့
“၁၉၁၇ ဟူစတန်အဓိကရုဏ်း(သို့) လိုဂန်တပ်စခန်းပုန်ကန်မှု”ကိုအခြေတည်ပြီး
ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားလေးပဲဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ရဲ့
အမှတ်စဥ်(၂၄)ခြေလျင်တပ်ရင်းက လူမည်းစစ်သားတွေပါဝင်နေတဲ့အတွက်
စစ်ပွဲကာလမှာတောင်စစ်တိုက်ခွင့်မရဘဲ အလုပ်ကြမ်းတွေပဲလုပ်ရတဲ့အပြင်
နယ်ခံလူဖြူရဲတွေရဲ့ အနိုင်ကျင့်နှိပ်စက်မှုကိုလဲခံရပါတယ်။ လူမည်းတွေကိုဖိနှိပ်ထားတဲ့ဥပဒေကြောင့်
တပ်ရင်းတစ်ခုလုံးသည်းခံခဲ့ကြပေမယ့် မတရားတဲ့ကိစ္စတစ်ခုအတွက်
အသက်အန္တရာယ်ထိရန်ရှာလာခဲ့တဲ့အချိန်မှာတော့ အခြေအနေတွေကအဓိကရုဏ်းဖြစ်ဖို့ဦးတည်သွားပါတော့တယ်..
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး.
Leave a Reply