ကျွန်တော်တို့ဟာ မကောင်းမှုကို အားပေးတာမျိုးမဟုတ်ပေမဲ့ အမိုက်စား ဘဏ်ဓားပြကားတွေ၊ သူခိုးကားတွေဆိုရင်တော့
အရမ်းသဘောကျတယ်…ဘာလို့ဆိုဒီလိုကားတွေဟာ အချက်အလက်တွေများစွာ အသုံးပြုရသလို ခေတ်မှီနည်းပညာတွေနဲ့
ပါဝင်ဖွဲ့စည်းထားပြီး ဇာတ်လမ်းအစမှအဆုံးထိ စိတ်လှုပ်ရှားရင်ခုန်မှုပေးနိုင်လွန်းလို့ဖြစ်တယ်…
ဒီကားထဲမှာလည်း တကယ့်အချီကြီးတွေကိုမှ ခိုးကြလိမ်ကြတာ…ညီအကို(၂)ယောက်ဉီးဆောင်ပြီး
အဖွဲ့လေးတစ်ဖွဲ့ရှိတယ်..အချီကြီးတွေမှ သမတာ…ကျွမ်းကျင်မှုကိုယ်စီရှိသလို အဆက်အသွယ်ကောင်းတွေလည်းရှိတယ်…
အကိုဖြစ်သူဟာ ခိုးမှုကြောင့်ပဲ ထောင်(၁၀)နှစ်ကျသွားတယ်…အကျင့်တွေပြင်အောင်ထောင်ထဲထည့်လိုက်ပေမဲ့
ထောင်ကထွက်လာပြီးနောက် အချီကြီးပွပေါက်တစ်ခုထပ်တွေ့တဲ့အခါမှာတော့…
သူတို့ ဘယ်လိုဆရာကျကျ ခိုးကြမလဲဆိုတာကိုတော့…
Leave a Reply