##unicode
ဒီတစ်ခါ ကြည့်ရှုရမဲ့ဇာတ်ကားကတော့ “The Burning Sea(2021)”လို့ခေါ်တဲ့ဇာတ်ကားလေးပါ။
ဒီကားလေးဟာတော့ အမျိုးသမီးလေးတစ်ယောက် သူရဲ့ချစ်သူကို စွန့်စွန့်စားစားကယ်ဆယ်ခဲ့ပုံ
အကြောင်းနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘေးအန္တရာယ်အကြောင်းကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာတော့…..
ပင်လယ်ထဲရှိ ရေနံလုပ်ငန်းလုပ်ကိုင်ရာနေရာမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးဆက်များ ပေါ်ပေါက်လာပါတယ်။
ရေနံတူးစင်တစ်ခုဟာ ပြိုကျပျက်စီးခဲ့ပါတယ်။ဆိုဖီယာဆိုတဲ့အမျိုးသမီးလေးပါဝင်တဲ့ ရှာဖွေရေးအဖွဲ့ဟာ
ပြိုကျမှုကြောင့်ပျောက်ဆုံးသွားသူများထဲမှ အသက်ရှင်ကျန်ရစ်သူများကိုရှာဖွေဖို့ကြိုးစားရင်း
ပျက်စီးမှုရဲ့ရင်းမြစ်ကိုအကဲဖြတ်ကြည့်ခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒါဟာ ရုတ်တရက်ကျရောက်လာနိုင်တဲ့ဘေးဆိုးကြီးတစ်ခုရဲ့
အစဖြစ်နေကြောင်း သူတို့ သိရှိလိုက်ရပါတော့တယ်။အဲ့ဒီလိုနဲ့ ရေနံတူးစင်များမှ လူအများကို နေရာပြောင်းရွှေ့ကြဖို့လုပ်ကြပါတော့တယ်။
ထို နေရာမှာ လုပ်ကိုင်နေတဲ့ ဆိုဖီယာရဲ့ချစ်သူ စတီယမ်ဟာလည်း ပြောင်းရွှေ့ဖို့အတွက်ကြိုးစားနေရင်း ပင်လယ်ရေနက်ထဲမှာ
ပိတ်မိသွားပါတော့တယ်။အဲ့တာကြောင့်ပဲ ဆိုဖီယာဟာ သူရဲ့ချစ်သူကိုကိုယ်တိုင်သွားရောက်ကယ်ဆယ်ဖို့ဖြစ်လာတဲ့အခါမှာတော့…….
ဆိုဖီယာဟာ ဘယ်လိုနည်းနဲ့များ သက်စွန့်စံဖျားသွားရောက်ကယ်ဆယ်မလဲ၊
တစ်ဖက်မှာလဲ သုတေသီတွေဟာ ကျရောက်လာနိုင်တဲ့ဘေးဆိုးကြီးကို ကာကွယ်နိုင်ဖို့ဘယ်လိုကြိုးစားကြမလဲ၊
ဆိုဖီယာကရော စတီယမ်ကိုအောင်အောင်မြင်မြင်ကယ်ဆယ်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါနော်။
##zawgyi
ဒီတစ္ခါ ၾကည့္ရႈရမဲ့ဇာတ္ကားကေတာ့ “The Burning Sea(2021)”လို႔ေခၚတဲ့ဇာတ္ကားေလးပါ။
ဒီကားေလးဟာေတာ့ အမ်ိဳးသမီးေလးတစ္ေယာက္ သူရဲ႕ခ်စ္သူကို စြန္႔စြန္႔စားစားကယ္ဆယ္ခဲ့ပုံ
အေၾကာင္းနဲ႔သဘာဝပတ္ဝန္းက်င္ဆိုင္ရာေဘးအႏၲရာယ္အေၾကာင္းကို စိတ္ဝင္စားဖြယ္႐ိုက္ကူးထားတာပဲျဖစ္ပါတယ္။
ဇာတ္လမ္းထဲမွာေတာ့…..
ပင္လယ္ထဲရွိ ေရနံလုပ္ငန္းလုပ္ကိုင္ရာေနရာမွာ သဘာဝပတ္ဝန္းက်င္ဆိုင္ရာအက်ိဳးဆက္မ်ား ေပၚေပါက္လာပါတယ္။
ေရနံတူးစင္တစ္ခုဟာ ၿပိဳက်ပ်က္စီးခဲ့ပါတယ္။ဆိုဖီယာဆိုတဲ့အမ်ိဳးသမီးေလးပါဝင္တဲ့ ရွာေဖြေရးအဖြဲ႕ဟာ
ၿပိဳက်မႈေၾကာင့္ေပ်ာက္ဆုံးသြားသူမ်ားထဲမွ အသက္ရွင္က်န္ရစ္သူမ်ားကိုရွာေဖြဖို႔ႀကိဳးစားရင္း
ပ်က္စီးမႈရဲ႕ရင္းျမစ္ကိုအကဲျဖတ္ၾကည့္ခဲ့ပါတယ္။ဒါေပမဲ့ အဲ့ဒါဟာ ႐ုတ္တရက္က်ေရာက္လာႏိုင္တဲ့ေဘးဆိုးႀကီးတစ္ခုရဲ႕
အစျဖစ္ေနေၾကာင္း သူတို႔ သိရွိလိုက္ရပါေတာ့တယ္။အဲ့ဒီလိုနဲ႔ ေရနံတူးစင္မ်ားမွ လူအမ်ားကို ေနရာေျပာင္းေ႐ႊ႕ၾကဖို႔လုပ္ၾကပါေတာ့တယ္။
ထို ေနရာမွာ လုပ္ကိုင္ေနတဲ့ ဆိုဖီယာရဲ႕ခ်စ္သူ စတီယမ္ဟာလည္း ေျပာင္းေ႐ႊ႕ဖို႔အတြက္ႀကိဳးစားေနရင္း ပင္လယ္ေရနက္ထဲမွာ
ပိတ္မိသြားပါေတာ့တယ္။အဲ့တာေၾကာင့္ပဲ ဆိုဖီယာဟာ သူရဲ႕ခ်စ္သူကိုကိုယ္တိုင္သြားေရာက္ကယ္ဆယ္ဖို႔ျဖစ္လာတဲ့အခါမွာေတာ့…….
ဆိုဖီယာဟာ ဘယ္လိုနည္းနဲ႔မ်ား သက္စြန္႔စံဖ်ားသြားေရာက္ကယ္ဆယ္မလဲ၊
တစ္ဖက္မွာလဲ သုေတသီေတြဟာ က်ေရာက္လာႏိုင္တဲ့ေဘးဆိုးႀကီးကို ကာကြယ္ႏိုင္ဖို႔ဘယ္လိုႀကိဳးစားၾကမလဲ၊
ဆိုဖီယာကေရာ စတီယမ္ကိုေအာင္ေအာင္ျမင္ျမင္ကယ္ဆယ္ႏိုင္ပါ့မလားဆိုတာ ရင္တထိတ္ထိတ္နဲ႔ စိတ္ဝင္စားဖြယ္ၾကည့္ရႈၾကရမွာပါေနာ္။
Review – KKK
File Size – 1GB,2GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Drama,Action
Subtitle : Myanmar Subtitle (Hard Sub)
Translated by KKK
Encoded by Arrow
====================================================================
App ေဒါင္းရန္
မန်ဘာဝင်လိုသူများ
viber – 096911771
Upload on Youtube
Upload on Youtube
Leave a Reply