##unicode
ဒီဇာတ်ကားကတော့ အက်ရှင်တွေမပါပေမယ့် အတွေးအများကြီးတွေပေးနိုင်မှာမို့ ကြည့်ရူသူကို
တစ်ဖြေးဖြေးဆွဲခေါ်သွားမယ့်ဇာတ်ကားကောင်းလို့ပြောလို့ရပါတယ် ဇာတ်လမ်းအေးအေးကိုကြိုက်တဲ့သူတွေ အကြိုက်တွေ့မှာပါ
ဇာတ်လမ်းအကျဉ်းလေးကြည့်လိုက်ရအောင် တဲလ်က စစ်အကျဉ်းထောင်ထဲမှာ ၈နှစ်ခွဲကုန်ဆုံးခဲ့ရတဲ့ အရာရှိဟောင်းဖြစ်ပါတယ်
ထောင်ထဲမှာနေသားကျနေရင်း ပိုကာကတ်တွေနဲ့ပဲ သူ အချိန်ကုန်ဆုံးခဲ့ပါတယ် အပြင်လောကကို သူပြန်ရောက်လာတော့
မထင်မရှား ပိုကာသမားအနေနဲ့ပဲနေခဲ့တာပါ တစ်နေ့ လာလင်ဒါဆိုတဲ့ လောင်းကစားသမားတွေကို ရင်းနှီးမြုပ်နှံသူနဲ့ချိတ်ပေးတဲ့
ပွဲစားမိန်းမနဲ့သူဆုံခဲ့ပါတယ် လာလင်ဒါက တဲလ်ကို ငွေကြေးထောက်ပံ့ဖို့ကမ်းလှမ်းပေမယ့် သူ ငြင်းခဲ့ပါတယ်
ဒါပေမယ့် အဲဒီနောက် တဲလ်က လာလင်ဒါရဲ့ကမ်းလှမ်းချက်ကိုလက်ခံပြီး ပိုကာပွဲတွေမှာဝင်ကစားဖို့ဆုံးဖြတ်ခဲ့ပါတယ်
အကြောင်းရင်းကတော့ ကာ့ထ်ဆိုတဲ့ကောင်လေးနဲ့ဆုံခဲ့လို့ပါ တဲလ်ကို ထောင်ထဲပို့ခဲ့တဲ့ ဂျွန်ဂေါ်ဒိုဆိုတဲ့လူက
ကာ့ထ်ရဲ့အဖေဘဝကိုပျက်စီးအောင်လုပ်ခဲ့ပါတယ် တဲလ် ဘာအပြစ်ကိုကျူးလွန်ခဲ့လို့ ထောင်ထဲရောက်ခဲ့တာလဲ
ဂျွန်ဂေါ်ဒိုကိုရန်သူလို့သတ်မှတ်ထားတဲ့ လူနှစ်ယောက်ဆုံလာတဲ့အခါ ဘယ်လိုလက်စားချေမှုတွေလုပ်မလဲဆိုတာ
ဒီဇာတ်ကားထဲမှာ ကြည့်ရူအားပေးကြပါဦးနော်
##zawgyi
Review – Hmue
File Size – 2GB,1GB
Format…mp4
Quality :1080p WED-DL,720p WED-DL
Genre : Action,Crime,Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue
Encoded by Arrow
Leave a Reply