##unicode
The Croods 2 မှာတော့ Croodsမိသားစုနဲ့အတူ Guyတစ်ယောက် လုံခြုံတဲ့နေရာကို ရှာဖို့အတွက် ခရီးထွက်လာခဲ့ပါတယ်။
Guyကတော့ Espနဲ့အတူ ချစ်ကျွမ်းဝင်နေတာမို့ Grugတို့အုပ်စုကနေ ခွဲထွက်ကာ သူတို့နှစ်ဦးတည်းနေလို့ရတဲ့နေရာကို ရှာချင်နေသူပါ။ဒီအကြံကို Espအဖေ Grugတစ်ယောက်က သဘောမတူဘဲ သူ့သမီးလေးကို Guyခေါ်သွားတာကိုတားဆီးဖို့စဉ်းစားနေခဲ့တယ်။
သူတို့ခရီးထွက်နေရင်းမှာ အစားအသောက်တွေပြည့်နေတဲ့ နံရံကြီးခြားထားတဲ့နေရာတစ်ခုကို တွေ့ရှိခဲ့တယ်။အဲ့နေရာမှာ Bettermanလို့ခေါ်တဲ့မိသားစုကနေထိုင်ပြီး သူတို့က Guyမိဘတွေရဲ့ သူငယ်ချင်းဖြစ်တယ်။Betterman မိသားစုမှာ Downလို့ခေါ်တဲ့သမီးလေးတစ်ယောက်လဲ ရှိပြီးတော့ သူမနဲ့Guyကလဲ ငယ်ငယ်တုန်းက သူငယ်ချင်းတွေဖြစ်ပါတယ်။
Betterman မိသားစုက Croodsတွေနဲ့အတူတူနေပြီးနောက်မှာ ဂူအောင်းလူသားတွေနဲ့ သူတို့အတူနေဖို့အဆင်မပြေဘူးလို့တွေးက Espတို့မိသားစုကို သူတို့နံရံကြီးကနေ ပြန်ထွက်သွားစေပြီးတော့ Guyကို သူတို့သမီးလေး Dawnနဲ့အတူနေဖို့ အတွက် အကြံထုတ်ခဲ့ပါတယ်။
Grugတစ်ယောက်ကရော သူတို့မိသားစုစည်းစည်းလုံးလုံး တစ်စုတည်းနေနိုင်အောင်ကြိုးစားနိုင်ပါ့မလား။ Dawnဆိုတဲ့မိန်းကလေးကြောင့် Espနဲ့Guyတို့ဆက်ဆံရေးရောညအဆင်ပြေပါ့မလားဆိုတာ ကြည့်ရှုကြပါအုံး။
##zawgyi
Review – Myet Chel
File Size – 1GB
Format…mp4
Quality : 720p WEB-DL
Duration… 1
Genre :Animation, Adventure, Comedy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Myet Chel,Phyu Sin
Encoded by Arrow
Leave a Reply