##unicode
The Dirty Pictureဇာတ်ကားမှာတော့
Reshmaဆိုတဲ့ကောင်မလေးက နာမည်ကျော်မင်းသမီးတစ်ယောက်ဖြစ်လာဖို့ ရွာကထွက်လာကာ မြို့ကိုတက်လာခဲ့ပါတယ်။
လူရွေးပွဲတွေ သွားခဲ့ပေမဲ့ သူ့ကိုအရည်အချင်းမရှိဘူးလို့ပြောကြတာကြောင့် လက်လျှော့လိုက်မဲ့အချိန်မှာဘဲ
သူ့ဆီအခွင့်အရေးတစ်ခုက ရောက်လာခဲ့ပါတယ်။
ရုပ်ရှင်တစ်ကားမှာ သီချင်းတစ်ပိုင်းလောက်ဘဲ ဝင်ကခဲ့တဲ့ Reshmaက သူ့နာမည်ကြီးလာမယ်လို့ထင်ခဲ့တယ်။
တစ်ဖက်မှာလဲ ရုပ်ရှင်ဒါရိုက်တာ Abrahamကတော့ Reshmaရဲ့ Sexy ကျတဲ့အကကြောင့်
သူ့ရုပ်ရှင်ပျက်ဆီးမှာမို့ ဖြတ်ပစ်လိုက်ခဲ့တယ်။Abrahamက အရည်အချင်းရှိပြီးတော့ ဆုတွေရထားတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပေမဲ့
သူ့ရုပ်ရှင်တွေကတော့ လူကြိုက်မများတာကြောင့် ထုတ်လုပ်သူတွေအနေနဲ့စိုးရိမ်နေတဲ့အချိန်မှာ
Abrahamဖြတ်ထုတ်လိုက်တဲ့ Reshmaရဲ့အက ကိုမြင်ပြီးရုပ်ရှင်ထဲ ပြန်ထည့်လိုက်ကြတယ်။
Reshmaရဲ့အကကြောင့်ရုပ်ရှင်က ဝက်ဝက်ကွဲအောင်မြင်သွားပြီး Reshmaလဲနာမည်ကြီးလာခဲ့တယ်။
Reshmaနာမည်ကြီးလာတာနဲ့အမျှ သူ့ရုပ်ရှင်ထဲမှာ Reshmaလို အပေါစားကကွက်တွေနဲ့ အကသမားကိုထည့်မရိုက်ဘူးလို့ဆိုတဲ့ Abrahamတစ်ယောက်ကတော့ နာမည်ကျလာခဲ့တယ်။အရည်အချင်းကြောင့်နာမည်ကြီးလာတာ မဟုတ်ဘဲ Sexyကျတဲ့
က ကွက်တွေကြောင့် နာမည်ကြီးလာတဲ့ Reshmaတစ်ယောက် သူရဲ့အောင်မြင်မှုကိုဆက်ထိန်းထားနိုင်မလား။
Reshmaကိုအမုန်းကြီးမုန်းနေတဲ့ Abrhamတစ်ယောက်ကရေ Reshmaကို ဘယ်လိုအနိုင်ယူမလဲဆိုတာ ကြည့်ရှုကြပါအုံး။
##zawgyi
Review – Myet Chel
File Size – 1.4GB,2.6GB
Format…mp4
Quality : 1080p BRrip,720p BRrip
Genre : Biography, Drama, Musical
Subtitle : Myanmar Subtitle (Hard Sub)
Translated by Myet Chel
Encoded by Arrow
Leave a Reply