##unicode
၁၉၃၇ခုနှစ်မှာ ဂျပန်တွေဟာ တရုတ်ပြည် ရှန်ဟိုင်းမြို့ထိသိမ်းပိုက်ဖို့ ချီတက်လာခဲ့ပါတယ်
ဂျပန်တပ်တွေကို တရုတ်ပြည်ဘက်က တပ်သား ၈၀၀ ပါဝင်တဲ့ တပ်ခွဲ ၈၈ ဟာ ရှန်ဟိုင်းမြို့ရဲ့ကမ်းစပ်မှာရှိတဲ့ စီဟန်းဂိုထောင်မှာ ခုခံတိုက်ခိုက်ခဲ့ကြပါတယ်
ရှန်ဟိုင်းပြည်သူတွေကိုတော့ အင်္ဂလိပ်က ဂိုထောင်နဲ့မြို့ကိုဆက်သွယ်ထားတဲ့ တံတားကနေစပြီး ငြိမ်းချမ်းရေးနယ်မြေသတ်မှတ်ထားကာ ကာကွယ်ပေးထားပါတယ်
ဂျပန်တွေကိုတိုက်ထုတ်ဖို့ တရုတ်နိုင်ငံဘက်က လက်နက်အင်အားလူအင်အားမမျှဘဲ စစ်ရှုံးဖို့ကိုဦးတည်ခဲ့ပေမယ့် ၄ရက်မြောက်ထိ တောင့်ခံခဲ့ကြပါတယ်
ဂိုထောင်ဘက်မှာ တပ်သားတွေ လက်နက်မမျှတဲ့ကြားက အသက်စွန့်တိုက်ခိုက်ခဲ့ကြတာကို မြစ်ရဲ့ဒီဘက်မြို့ကပြည်သူတွေဟာ အတိုင်းသား မြင်နေကြားနေခဲ့ရပါတယ်
တံတားပေါ်ကိုကျော်တာနဲ့ ပြည်သူတွေလည်း အသတ်ခံရမှာဖြစ်လို့ ဘယ်လိုမှသွားရောက်ကူညီလို့မရဘဲ တံတားတစ်ဖက်ကနေပဲ ယူကြုံးမရစွာကြည့်နေခဲ့ရပါတယ်
တပ်သားတွေဟာ အထိနာမှာသိရက်နဲ့ ခုခံတိုက်ခိုက်ပြီး နိုင်ငံတကာအထောက်အပံ့ရလာမှာကို စောင့်မျှော်နေခဲ့ပါတယ် တကယ်တန်းမှာတော့ လက်နက်အင်အား လူအင်အားအင်မတန်ကြီးတဲ့ဂျပန်နိုင်ငံကို ဆန့်ကျင်ပြီး တရုတ်နိုင်ငံကို ကူညီဖို့ဘယ်အနောက်နိုင်ငံကမှ ရှေ့မထွက်ခဲ့ကြပါ
ဒီတိုက်ပွဲဟာ သမိုင်းမှာ တကယ်ကိုပြောစမှတ်တွင်ခဲ့ပါတယ်
တိုက်ပွဲမှာတိုက်ခိုက်ခဲ့ကြတဲ့ တရုတ်တပ်သားတွေရဲ့မျိုးချစ်စိတ်ဓာတ် ရဲစွမ်းသတ္တိနဲ့ အနစ်နာခံသွားမှုကို ဂုဏ်ပြုရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်
##zawgyi
Review – Chuu Chuu
File Size – 2GB
Format…mp4
Quality : 1080p WEB-DL
Duration… 2
Genre :Action, Drama, War
Subtitle : Myanmar Subtitle (Hard Sub)
Translated by Chuu Chuu
Encoded by Arrow
Leave a Reply