Exit print mode Print Data A+ A- Undo all

The Empire of Corpses

The dead will inherit the Earth
The Empire of CorpsesThe Empire of Corpses

Synopsis:

The empire of corpses
…………………………………….

IMDb 6/10
My anime list 7/10

တခုတော့
တခြာuးniverseမှာတည်တာဗျ

ဒီကားရဲ့ဇာတ်လမ်းကို
ဆိုတော့ကာ

သူဟာ အလောင်းတွေဆီကနေ
‌အကောင်းဆုံးအလှဆုံး
လိုက်သတ်တယ်

အဲ့ဒီနည်းပညာဟာ
ဒါပေမယ့်
The Oneလို့ခေါ်တဲ့
ပြောရရင်တော့soulမရှိတဲ့အခွံကြီးသက်သက်လိုဖြစ်နေတာပေါ့ဗျာ

The empire of corpses
…………………………………….

IMDb 6/10
My anime list 7/10

ဒီကားဟာနည်းနည်းတော့ထူးခြားတယ်ဗျ
နောက်တိုင်းမှာထင်ရှားကျော်ကြားတဲ့ဇာတ်ကောင်တွေရော အပြင်မှာတကယ်ရှိခဲ့တဲ့ဇာတ်ကောင်တွေကိုသုံးထားတာဗျ
တခုတော့
သူ့ရဲ့ဇာတ်အိမ်ကဒီUniverse မှာတည်တာမဟုတ်ဘူး
တခြားuniverseမှာတည်တာဗျ

ဇာတ်လမ်းအကျဉ်းမပြောခင်
ဇာတ်လမ်းမကြည့်ခင်သိသင့်တာတွေအရင်ပြောထားမှဖြစ်မယ်ထင်တယ်
ဒီကားတွန်းကားရဲ့အဓိကဇာတ်ကောင်နေရာကို
ရှားလော့ဒ်ဟုမ်းရဲ့တွဲဖက် ဒေါက်တာဝပ်ဆန်ကိုထားထားတယ်
(ရှားလော့ဒ်ဟုမ်းဆိုတာဟာ ဆာအာသာကိုနန်ဒွိုင်းရဲ့
နာမည်ကျော်ဝတ္ထုဇာတ်ကောင်ဖြစ်ပါတယ်
မြန်မာကလူတော်တော်များလည်း
BBC ရှားလော့ဒ်ဟုမ်းဇာတ်လမ်းတွဲကိုကြိုက်ကြတဲ့လူများလို့သိကြမယ်ထင်ပါတယ်)
ဒီကားရဲ့ဇာတ်လမ်းကို
ဗစ်တာ ဖရန်ကန်စတိုင်းရဲ့ သေလူကိုအသက်ပြန်သွင်းတဲ့နည်းပညာမှာအခြေခံပြီးကွန့်မြူးထားတာဗျ
ဖရန်ကန်စတိုင်းဆိုတာက ၁၈ရာစုမှာ ပေါ်ထွန်းခဲ့တဲ့စာရေးဆရာ Mary Shellyရဲ့
ကမ္ဘာကျော်ဝတ္ထုထဲကဇာတ်ကောင်ပါ
ဆိုတော့ကာ
ဒီကားကြည့်ဖို့ဖရန်ကန်စတိုင်းဇာတ်လမ်းကိုအကျဉ်းလောက်တော့သိထားဖို့လိုပါလိမ့်မယ်

၁၈ရာစုလောက်တုန်းက သိပ္ပံပညာရှင်တစ်ယောက်ရှိဖူးပါတယ်
သူဟာ အလောင်းတွေဆီကနေ
‌အကောင်းဆုံးအလှဆုံး
ခြေထောက်တွေလက်တွေခေါင်းတွေအစရှိတဲ့
ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုဖြုတ်ယူပြီး
ပြီးပြည့်စုံတဲ့အလောင်းတစ်လောင်းဖြစ်လာအောင်ဖန်တီးတယ်
နောက်တော့လျှပ်စီးစီးဝင်စေပြီးအသက်သွင်းပေးတယ်
ဒါပေမယ့် အရေပြားဟာလျှပ်စီးဖြတ်တဲ့အရှိန်ကြောင့်
တွန့်လိမ်ကုန်ပြီးအရမ်းကိုကြောက်စရာအသွင်ရှိတဲ့မကောင်းဆိုးဝါးတစ်ကောင်ပုံစံဖြစ်သွားခဲ့တယ်
ဖရန်ကန်စတိုင်းသိပ္ပံပညာရှင်လည်းကြောက်ပြီးထွက်ပြေးသွားခဲ့တယ်
အဲ့ဒီမကောင်းဆိုးဝါးဟာ
ဖရန်ကန်စတိုင်းကိုမုန်းတီးသွားပြီး
လိုက်သတ်တယ်
နောက်တော့ရေခဲပြင်မှာပျောက်ကွယ်သွားတယ်ဆိုတဲ့ဇာတ်လမ်းဗျ
တချို့ရုပ်ရှင်ကားတွေမှာတော့
သူ့အတွက်သူ့လိုမိန်းကလေးအဖော်ကိုဖန်တီးပေးတာတောင်
လက်မခံပဲအဲ့ဒီမိန်းကလေးအလောင်းကောင်ကိုရော
ဖရန်ကန်စတိုင်းကိုပါသတ်ပစ်ခဲ့တယ်တဲ့

ဒီဇာတ်ကားရဲ့ဇာတ်လမ်အကျဉ်းကတော့
၁၉ရာစုမှာလူသေတွေကိုအသက်သွင်းတဲ့နည်းပညာဟာ
ကမ္ဘာမှာထွန်းကားလာနေပါတယ်
အဲ့ဒီနည်းပညာဟာ
၁၈ရာစုမှာပေါ်ထွန်းခဲ့တဲ့ဖရန်ကန်စတိုင်းရဲ့
နည်းပညာကိုအခြေခံပြီးဖန်တီးထားတာပါ
ဒါပေမယ့်
ဖရန်ကန်စတိုင်းဖန်တီးခဲ့တဲ့
The Oneလို့ခေါ်တဲ့
အသက်ဝင်နေတဲ့အလောင်းကောင်တစ်ကောင်ပဲ
စကားပြောနိုင်၊ တွေးနိုင်စွမ်းရှိပြီး
နောက်ပိုင်းမှာထွက်ပေါ်လာတဲ့နည်းပညာနဲ့ဖန်တီးထားတဲ့
အလောင်းကောင်တွေမှာကျတော့ စကားပြောနိုင်၊တွေးနိုင်စွမ်းလုံးလုံးမရှိဘူးတဲ့
ပြောရရင်တော့soulမရှိတဲ့အခွံကြီးသက်သက်လိုဖြစ်နေတာပေ့ါဗျာ
အဲ့မှာမှ ဒေါက်တာဝပ်ဆန်ဆိုတဲ့လူဟာ
သူ့သူငယ်ချင်းကိုအသက်ပြန်သွင်းပြီး
Soulကိုပါပြန်‌ရအောင်အသည်းအသန်ကြိုစားနေတယ်
Soulကိုပြန်ရနိုင်တဲ့နည်းလမ်းဟာလည်း
ဖရန်ကန်စတိုင်းရဲ့နည်းလမ်းပဲရှိတာကိုသိလာတဲ့နောက်မှာတော့ သေတနမှတ်တမ်းတွေကိုဝပ်ဆန်တစ်ယောက်ရှာဖွေဖို့ဖြစ်လာပါတယ်
ဒါပေမယ့်ထူးဆန်းတာက ဖရန်ကန်စတိုင်းသေပြီးနောက်မှာ
The oneဟာမှတ်တမ်းတွေကိုယူပြီးပျောက်ကွယ်သွားခဲ့တယ်
အဲ့လိုနဲ့ဖရန်ကန်စတိုင်းရဲ့မှတ်တမ်းတွေကိုလိုက်ရှာတဲ့
ခရီးစဉ်တွေကိုစတဲ့အခါမှာတော့မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ်
ဝပ်ဆန်တစ်ယောက်မှတ်တမ်းတွေကိုရခါနီးလေ
မှတ်တမ်းတွေနောက်ကွယ်ကအမှန်တရားကိုသိလာလေလေဖြစ်လာလေပါပဲ
အဲ့ဒီအမှန်တရားဟာဘာဖြစ်မလဲ
ဝပ်ဆန်တစ်ယောက် သူငယ်ချင်းဖြစ်သူကိုsoulပြန်ရအောင်လုပ်ပေးနိုင်ပါ့မလားဆိုတာကို
ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ

Original title
The Empire of Corpses
Director
Ryôtarô Makihara
Stars
Anthony Bowling, Clint Bickham, Duncan Brannan, Justin Briner
Release Date
19 Apr 2016
Rated
TV-MA
Runtime
120 min
Awards
2 nominations.
Country
Japan
Budget
USD $0,00
Revenue
USD $0,00
Popularity
7.202
Status
Released
ID IMDb.com
tt4235644
IMDB Rating
6.0
IMDB votes
928
ID Themoviedb.org
342588
TMDb Rating
6.1
TMDb votes
36