(App member only)
##unicode
အမေရိကန်ကာကွယ်ရေးဝန်ကြီးရောဘတ်မက်ဂ်နာရာရဲ့အကြောင်းကိုမှတ်တမ်းရုပ်ရှင်သဘောမျိုးရိုက်ကူးထားတဲ့
“The Fog of War” ဆိုတဲ့ documentary film လေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဒီကားထဲမှာဆိုရင်ရောဘတ်မက်ဂ်နာရာရဲ့ဘဝအကြောင်းတွေနဲ့သူကြုံတွေ့ခဲ့ရတဲ့စစ်ပွဲတွေအကြောင်းကိုထဲထဲဝင်ဝင်
တင်ဆက်ပေးထားတာကိုကြည့်ရှုကြရမှာဖြစ်ပါတယ် ဒီကားလေးဟာဆိုရင် Rating လည်းမြင့်သလိုBest Documentary
အဖြစ်လည်းစာရင်းဝင်ထားတာဖြစ်ပါတယ် ရောဘတ်မက်ဂ်နာရာဟာဆိုရင်ဗီယက်နမ်အရေးမှာစစ်ပွဲတစ်ခုကိုစတင်ခဲ့သူအဖြစ်
အမေရိကန်ပြည်သူတွေကြားမှာနာမည်ကြီးပါတယ်
ရောဘတ်မက်ဂ်နာရာဟာဆိုရင်စစ်တပ်ကိုထိန်းချုပ်ထားတဲ့ပထမဆုံးအရပ်သားတစ်ယောက်လည်းဖြစ်ပါတယ်
မက်ဂ်နာရာဟာအရမ်းကိုထက်မြက်တဲ့သူတစ်ဦးဖြစ်ပြီးကျူးဘားအရေးအခင်းမှာလည်းနယူးကလီးယားစစ်ပွဲမဖြစ်အောင်
တားဆီးနိုင်ခဲ့သူပါ ဒါပေမယ့်ဗီယက်နမ်စစ်ပွဲမှာတော့ အမေရိကန်ကိုစစ်ပွဲထဲဆွဲသွင်းမိတဲ့အပြင်
အမေရိကန်စစ်သည်အများစုကိုလည်းကျဆုံးသွားစေမယ့်အမှားကြီးကိုကျူးလွန်မိပါတော့တယ်
ဒါတောင်ပြည်သူတွေကိုအသိပေးခြင်းမရှိဘဲဖုံးကွယ်ထားတဲ့အတွက် နိုင်ငံရဲ့
ကောင်းကျိုးပြည်သူ့ရဲ့အကျိုးကိုဆုတ်ယုတ်အောင်လုပ်တယ်ဆိုပြီးမှတ်ချက်ပေးခံခဲ့ရပါတယ်
ရောဘတ်မက်ဂ်နာရာကိုလူတွေမြင်တဲ့အမြင်ကအစစ်အမှန်ဟုတ်ရဲ့လား
ရောဘတ်မက်ဂ်နာရာကရောလူတွေရဲ့မှတ်ချက်အပေါ်ဘယ်လိုထင်မြင်လဲ
ဖြစ်ခဲ့တဲ့စစ်ပွဲတွေအကြောင်းကိုဘယ်လိုဆွေးနွေးသွားမှာလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်
သမိုင်းဝင်မှတ်တမ်းရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်
##zawgyi
Review – Phyu Sin
File Size – 1.2GB,2.5GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Documentary,Bio,History
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
====================================================================
App ဒေါင်းရန္
မန်ဘာဝင်လိုသူများ
viber – 09691177142
Upload on Youtube
Leave a Reply