##unicode
အမေရိကန်နဲ့ မက္ကဆီကိုကြားက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူပြဿနာက အထိတ်အထိပ်ကိုရောက်လာခဲ့ပါတယ်။
ဒီပြဿနာကိုဖြေရှင်းဖို့အတွက် NFFA ဆိုတဲ့အဖွဲ့အစည်းက U.S အစိုးရရဲ့ခွင့်ပြုချက်နဲ့ တစ်နှစ်ကိုတစ်ကြိမ်
သုတ်သင်ရှင်းလင်းရေးလုပ်ပါတယ်။ သုတ်သင်ရှင်းလင်းရေးလုပ်တဲ့ညမှာ NFFA တပ်ဖွဲ့ကနိုင်ငံအနှံ့မှာ
အမေရိကန်လူမျိုးမဟုတ်သူများကို လိုက်လံရှာဖွေသတ်ဖြတ်ပစ်ပါတယ်။ နောက်တစ်နေ့မနက်ကျရင်တော့ အပျက်အစီးတွေ၊
အလောင်းတွေကိုရှင်းလင်းပြီး ရှင်ကျန်သူတွေလည်း နောက်တစ်နှစ်ပတ်လုံး နေထိုင်အလုပ်လုပ်ကြပြန်တယ်။
ဇာတ်လိုက် ၂ ယောက်ဖြစ်တဲ့ ဝမ်နဲ့အဒဲလာကလည်း တက်ဆက်စ်ပြည်နယ်ကိုခိုးဝင်ပြီး အလုပ်လုပ်နေတဲ့ မက္ကဆီကန်လင်မယား။
သုတ်သင်ရှင်းလင်းရေးလုပ်မယ့်ညမှာ လုံခြုံတဲ့အဆောက်အအုံတစ်ခုမှာ သွားပုန်းနေပြီးလွတ်မြောက်သွားကြပါတယ်။
ဒါပေမဲ့ အရင်နှစ်တွေလိုမဟုတ်ဘဲ သုတ်သင်ရှင်းလင်းမှုက နောက်တစ်နေ့မနက်ရောက်တာတောင် မပြီးဆုံးသေးတဲ့အခါမှာတော့
ဒီကပ်ဘေးကြီးကနေလွတ်မြောက်ဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းကောင်းနဲ့ကြည့်ရှုကြရမယ့်
ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
##zawgyi
Review – Yue Liang
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Genre :Action,Horror,Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yue Liang
Encoded by Arrow
==============================================================================================
Streamtape Link ဒေါင်းနည်း
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Leave a Reply