ဇာတ်လမ်းအမျိုးအစားကတော့ အားလုံးစိတ်ဝင်စားကြမယ့် Mystery – Thriller ပဲဖြစ်ပါတယ်
အိပ်မွေ့ချကုထုံးမှာ အရမ်းတော်တဲ့စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာရွှီယွေနင်ဆီကို
ထူးခြားတဲ့ case အနေနဲ့ သရဲတွေကိုမြင်နိုင်တယ်လို့ပြောလာတဲ့ လျန်ရှောင်ရန်ဆိုတဲ့မိန်းမတစ်ယောက် ကုသခံဖို့ရောက်လာခဲ့တာကနေ အစပြုဇာတ်ကြောင်းဆင်ထားပါတယ်
သူ့ပညာကို အတော်လေးယုံကြည်မှုရှိပြီး မာနကြီးတဲ့ ဒေါက်တာရွှီယွေနင်တစ်ယောက်
အချက်အလက်ကျစွာနဲ့ သူ့ကိုတန်ပြန်တုန့်ပြန်လာတဲ့ လူနာနဲ့တွေ့ကြုံလာရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ
အဲဒီအချက်အလက်ဆိုတာတွေကရော အမှန်တကယ်ပဲလား
နောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေဆက်ရှိနေမလဲဆိုတာ ရင်သပ်ရှုမောရင်းကြည့်ရှုရပါလိမ့်မယ်
အဓိကဇာတ်ကောင်နေရာတွေကတော့ Forbes China Celebrity 2020 ရဲ့ နံပါတ်၂နေရာမှာရှိနေတဲ့ နာမည်ကြီးအနုပညာပါရမီရှင် Xu Zheng ဖြစ်ပြီး
တွဲဖက်အားဖြည့်ထားသူကတော့ So Close ဇာတ်ကားရဲ့ရဲမေဆိုရင် ရုပ်ရှင်ပရိသတ်အားလုံးသိနိုင်ကြမှာဖြစ်ပါတယ်
ဆရာဝန်နဲ့လူနာ ဆွေးနွေးကုသနေတဲ့ဟောခန်းထဲမှာ ဇာတ်ကားပြီးသွားတာဖြစ်ပေမယ့်
အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပြီး ပြီးလို့ပြီးလိုက်မှန်းတောင်မသိဖြစ်သွားမယ်ဆိုတာ
လုံးဝအာမခံပါတယ် ။
Leave a Reply