ကမ္ဘာမြေကြီးဟာ ငြိမ်းချမ်းနေလို့နေပါတယ်
ဆာလောင်ငတ်မွတ်မှုတွေမရှိသလို..
အကြမ်းဖက်မှုတွေလည်း မရှိကြပါဘူး
သဘာဝပတ်ဝန်းကျင်ကြီးဟာလည်း ပြန်လည်နာလန်ထလာပြီး
ရိုးသားမှု ယဉ်ကျေးမှုနဲ့ အကြင်နာတရားတွေကို ကမ္ဘာပေါ်မှာ
ကျင့်သုံးကြပါတယ်…
ကမ္ဘာကြီးက ဒီလောက်တစ်ခါမှမပြည့်စုံဖူးဘူးတဲ့
ပြည့်စုံမှုမျိုးနဲ့ပြည့်စုံလို့နေတယ်
တစ်ခုပါပဲ..လူသားတွေရဲ့ ကမ္ဘာကြီးမဟုတ်တော့ပါဘူး။
ဂြိုဟ်သားတွေ ကျူးကျော်တာခံခဲ့ရတဲ့ကမ္ဘာကြီးမှာ
လူသားတွေဟာ မျိုးသုဉ်းလုနီးနီးဖြစ်နေပြီး ရှင်ကျန်ရစ်တဲ့
လူသားအနည်းစုဟာတော့ပြေးလွှားပုန်းရှောင်နေကြရတယ်.. ။
ဒီလူနည်းစုထဲကမှ မယ်လနီဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ
တစ်ရက်မှာ ဂြိုဟ်သားတွေရဲ့လက်ထဲကျရောက်သွားပြီး
ခန္ဓာကိုယ်ကိုထိန်းချုပ်ဖို့ရာ တခြားဂြိုဟ်တစ်ခုက
ကပ်ပါးသက်ရှိတစ်ခုထည့်ပေးခြင်းခံလိုက်ရပါတယ်..
Lady Bird တို့ Little Women တို့ရဲ့မင်းသမီးလေး Saoirse Ronan ကို
လူတစ်ကိုယ်စိတ်နှစ်ခုနဲ့ မယ်လနီအဖြစ်မြင်တွေ့ရမယ့်
သိပ္ပံဇာတ်ကားပဲဖြစ်ပါတယ်..
လူသားဖြစ်တည်မှု.. လူသားဆန်မှု..
ချစ်ခြင်းနဲ့ စွန့်စားခန်းတွေကို လူသားတွေမျိုးသုဉ်းခါနီး
အနာဂါတ်ကမ္ဘာပေါ်အခြေအတည်ပြီးကြည့်ရှုလိုက်ကြပါဦး..။
Leave a Reply