Exit print mode Print Data A+ A- Undo all

The Interview

The Film Hackers Tried To Get Banned
The InterviewThe Interview

Synopsis:

The Interview (2014)

#ရုပ်ရှင်မိတ်ဆက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို သရော်တဲ့ဇာတ်ကားတွေထဲ ဒီကားကတော့ အတော်နာမည်ကြီးပါတယ်။

၂၀၁၄ တုန်းက Sony က ပြမယ်ပြောလိုက် မပြဘူးပြောလိုက် လုပ်နေရာက နေ Youtube, Google Play စတဲ့ အွန်လိုင်း Video Hosting တွေကနေ စတင် ငှားရမ်း ပြသရာကနေ ရုံတင်ခဲ့တဲ့ဇာတ်ကားပါ။

ဇာတ်လမ်းက James Franco က Talk Show Host တစ်ယောက်ဖြစ်ပြီး Seth Rogen က Producer ဖြစ်ပါတယ်။ သူတို့ရဲ့ Show က အတည်ပေါက် Interview မဟုတ်ပဲနဲ့ ဟာသဆန်ဆန်ဖြစ်နေတာကြောင့် လူတွေလေးစားလောက်မယ့် Interview မျိုးလုပ်ချင်နေပါတယ်။ တစ်နေ့မှာ စာစောင်တစ်ခုက ဆောင်းပါးမှာ Kim Jong-un က သူတို့ Show ရဲ့ ပရိတ်သတ်ဖြစ်တယ်လို့ သိသွားရာကနေ Interview လုပ်ဖို့ဖြစ်လာပါတယ်။ ဒီကနေ အားလုံးသိတဲ့အတိုင်း CIA က Kim Jong-un ကို သတ်ပေးဖို့ တာဝန်ပေးလာပါတယ်။ တကယ်တမ်းမြောက်ကိုရီးယားကို ရောက်သွားတော့ James Franco ရဲ့ Character ဖြစ်တဲ့ Dave Skylark က Kim Jong-un ရဲ့ ညာတာခံရပြီး အစီအစဉ်တွေပြောင်းသွား ပုံကို ဟာသဆန်ဆန်တင်ဆက်ထားပါတယ်။

ဇာတ်လမ်းကအရမ်းမကောင်းပေမယ့် ကြည့်ပျော်ရှုပျော်တော့ရှိပါတယ်။ James Franco ရဲ့ ဇာတ်ကောင်က ဘာကိုမှ အလေးအနက်မထားတဲ့ ပုံစံမျိုး ပီပြင်အောင်သရုပ်ဆောင်ထားသလို၊ နောက်ပိုင်းမှာမှ တာဝန်ယူတတ်တဲ့ သူအဖြစ် ပြောင်သွားတဲ့ပုံစံကလည်း ပီပြင်ပါတယ်။ Seth Rogen ကလည်း သရုပ်ဆောင်ကောင်းပြီး၊ Kim ရဲ့ လက်ထောက် အဖြစ် သရုပ်ဆောင်တဲ့ Canadian မင်းသမီး လေး Diana Bang ကလည်း (Asian-Canadian) သရုပ်ဆောင်ကောင်းပါတယ်။ ဒီကားကို သူမနဲ့ အတူ ဇာတ်ညွှန်းရေးတဲ့ Kim Jong-um အဖြစ်သရုပ်ဆောင်တဲ့ Randall Park ကတော့ ဇာတ်ကားတစ်ကားလုံး မှာ သရုပ်ဆောင် အကောင်းဆုံးလို့တောင်ပြောလို့ရပါတယ်။ ဟာသနေရာက ပီပြင်သလို ပေါတောတော လည်းလုပ်တတ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ General တွေနဲ့တွေ့တဲ့အခါ မှာ ကြောက်စရာကောင်းအောင်လည်း သရုပ်ဆောင်တတ်ပါတယ်။

ဒီကားက ဇာတ်ကားကောင်းပေမယ့် Sex Joke, Fart Joke, Physical Joke တွေပါနေလို့ လူငယ်တွေ မကြည့်သင့်တဲ့ဇာတ်ကား လို့ဆိုချင်ပါတယ်။ မိသားစုလည်းတူတူမကြည့်သင့်ပါဘူး။ Sex Scene အနည်းငယ် ပါဝင်ပြီး၊ Nudity တစ်ခန်းလည်းပါပါတယ်။ တစ်ကားလုံးလည်း Sex Joke လို့ခေါ်တဲ့ လိင်အသား ပေးဟာသ၊ အသုံးအနှုန်းတွေ၊ တော်တော်များများပါပါတယ်။

မိသားစုတူတူမကြည့်သင့်ပါ။ Rated R ဖြစ်လို့ အသက် ၁၈ နှစ်အောက်လူငယ်တွေ မကြည့်သင့်ပါဘူး။

#Sololay

( ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက်မှကူးယူဖော်ပြပါသည်။)

Original title
The Interview
Director
Evan Goldberg, Seth Rogen
Stars
James Franco, Lizzy Caplan, Randall Park, Seth Rogen
Release Date
24 Dec 2014
Rated
R
Runtime
112 min
Awards
1 win & 6 nominations.
Country
USA
Budget
USD $44 000 000,00
Revenue
USD $12 342 632,00
Popularity
19.7
Status
Released
ID IMDb.com
tt2788710
IMDB Rating
6.5
IMDB votes
297,162
ID Themoviedb.org
228967
TMDb Rating
6.2
TMDb votes
4096