Exit print mode Print Data A+ A- Undo all

The Killing Fields (1984)

Here, only the silent survive.
The Killing Fields (1984)The Killing Fields (1984)

Synopsis:

##unicode

ဒီဇာတ်ကားလေးကတော့ စစ်အေးကာလအတွင်း ကမ္ဘောဒီးယားရှိ ခမာနီတွေရဲ့ ရက်စက်သတ်ဖြတ်မှုတွေကို
မီးမောင်းထိုးရိုက်ပြထားတဲ့ War/Drama အမျိုးအစား Rating 7.8 ရရှိထားတဲ့ ” The killing fields” ဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

ဆစ်ဒနီ ချန်းဘာ့ဂ်ျဆိုတာ New York Times သတင်းစာက ဂျာနယ်လစ်တစ်ယောက်။ ဒစ်သ် ပရန်း ဆိုသူကတော့ ကမ္ဘောဒီးယားနိုင်ငံက
ဆစ်ဒ်ရဲ့စကားပြန်‌ပေါ့။ ဆစ်ဒ်က က‌မ္ဘောဒီးယားနိုင်ငံတစ်ဝှမ်း သတင်းတွေကို ‌အသက်ကိုရင်းပြီး လိုက်ယူချိန်မှာ ပရန်ကလည်း
အသက်ကိုရင်းလို့ အမြဲလိုက်ပါ စကားပြန်လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်က ညီအစ်ကိုတွေလို ဖြစ်တည်လာခဲ့တယ်။

ဒီဇာတ်ကားကတော့ ကွန်မြူနစ်ခမာနီခေါင်းဆောင် ပိုပေါ့ အုပ်ချုပ်ခဲ့တဲ့ ၁၉၇၅-၁၉၇၉ ခုနှစ်တွေမှာ သူ့ရဲ့ လက်အောက်ခံ ခမာနီတပ်တွေက
အများပြည်သူတွေကို နှိပ်စက်သတ်ဖြတ်တဲ့ လူသတ်ကွင်း ( killing field) ဆိုတာကို ခေါင်းစီးယူထားတာပါ။ ခမာနီတွေလက်ထက်မှာ
သူတို့ရဲ့ရန်သူလို့ သတ်မှတ်ခံရသူတိုင်းဟာ လူသတ်ကွင်းပြင် (killing field) လို့ခေါ်တဲ့ မြို့တော်အပြင်ဘက်က ကွင်းတွေဆီကို ခေါ်သွားခံရပြီး
အသတ်ခံရတာပါ။ နှိပ်စက်သတ်ဖြတ်ခံရသူတွေဟာ အသတ်မခံရခင် သူတို့အလောင်းကို မြှုပ်မယ့်ကျင်းကို သူတို့ကိုယ်တိုင်တူးရတာမျိုးတောင် ရှိခဲ့ကြပါတယ်။

အဲဒီအချိန်ကာလအတွင်း နိုင်ငံတွင်းရှိ နိုင်ငံသားများတင်သာမက အခြားနိုင်ငံမှ နိုင်ငံခြားသားတွေအပါအဝင် လူဦးရေ၂သန်းနီးပါး သုတ်သင်ခံခဲ့ရပါတယ်။
ဆေးရုံ၊ကျောင်းခန်း စတဲ့နေရာတွေကိုလည်း ရက်စက်လှတဲ့ ထောင်စခန်းများအဖြစ်ပြောင်းလဲခဲ့သလို မြို့ပြလူဦးရေများစွာလည်း
စစ်ဘေးဒုက္ခသည်များဖြစ်သွားကြပါတယ်။ ဒါအပြင် ခမာနီတွေဟာ သန်းနဲ့ချီတဲ့လူတွေကိုလည်း မြို့ကနေ တောကိုရွှေ့ပြောင်းစေကာ
သူတို့ရဲ့လယ်ယာတွေမှာ မတရား ခိုင်းစေခဲ့ကြပါတယ်။

ဒီဇာတ်လမ်းမှာတော့ က‌မ္ဘောဒီးယားရဲ့မြို့‌တော် ဖနွမ်းပင်မှာ ခမာနီတပ်တွေရဲ့ ကျူးကျော်မှုတွေ၊ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို
ကိုယ်တိုင် ဗုံး၊ဒုံးကျည်၊သေနတ်သံတွေကြား အသက်လုပြေးကာ ရဲရဲရင့်ရင့် သတင်းရယူတဲ့ New York Times သတင်းထောက်တွေ၊
မိတ်ဆွေ သတင်းထောက်တွေကို ခမာနီတွေရဲ့ဖမ်းဆီးသတ်ဖြတ်မှုကနေလွတ်ဖို့ ပရန်ရဲ့ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်မှုတွေ၊
လူမျိုးမတူပေမဲ့ လူဖြစ်ခြင်းတွေ တူညီကြတဲ့ မိတ်ဆွေကောင်းတွေကြားက တွေ့ဆုံကြုံကွဲ ဝမ်းနည်း၊ဝမ်းသာမျက်ရည်တွေနဲ့အတူ
စစ်မီးတွေရဲ့ရက်ရက်စက်စက် ဝါးမြိုခြင်းကြောင့် ပြာကျခဲ့ရတဲ့ ဘဝတွေကို ရင်တနင့်နင့် ကြည့်ရှုခံစားကြရမှာဖြစ်လို့
ဒီဇာတ်ကားလေးကို မလွတ်တမ်းကြည့်ရှုလိုက်ကြပါဦးနော်။

##zawgyi

ဒီဇာတ္ကားေလးကေတာ့ စစ္ေအးကာလအတြင္း ကေမာၻဒီးယားရွိ ခမာနီေတြရဲ႕ ရက္စက္သတ္ျဖတ္မႈေတြကို
မီးေမာင္းထိုး႐ိုက္ျပထားတဲ့ War/Drama အမ်ိဳးအစား Rating 7.8 ရရွိထားတဲ့ ” The killing fields” ဆိုတဲ့ ဇာတ္ကားပဲျဖစ္ပါတယ္။

ဆစ္ဒနီ ခ်န္းဘာ့ဂ္်ဆိုတာ New York Times သတင္းစာက ဂ်ာနယ္လစ္တစ္ေယာက္။ ဒစ္သ္ ပရန္း ဆိုသူကေတာ့ ကေမာၻဒီးယားႏိုင္ငံက
ဆစ္ဒ္ရဲ႕စကားျပန္‌ေပါ့။ ဆစ္ဒ္က က‌ေမာၻဒီးယားႏိုင္ငံတစ္ဝွမ္း သတင္းေတြကို ‌အသက္ကိုရင္းၿပီး လိုက္ယူခ်ိန္မွာ ပရန္ကလည္း
အသက္ကိုရင္းလို႔ အၿမဲလိုက္ပါ စကားျပန္လုပ္ေပးခဲ့တယ္။ ဒီလိုနဲ႔ သူတို႔ႏွစ္ေယာက္ရဲ႕ သံေယာဇဥ္က ညီအစ္ကိုေတြလို ျဖစ္တည္လာခဲ့တယ္။

ဒီဇာတ္ကားကေတာ့ ကြန္ျမဴနစ္ခမာနီေခါင္းေဆာင္ ပိုေပါ့ အုပ္ခ်ဳပ္ခဲ့တဲ့ ၁၉၇၅-၁၉၇၉ ခုႏွစ္ေတြမွာ သူ႔ရဲ႕ လက္ေအာက္ခံ ခမာနီတပ္ေတြက
အမ်ားျပည္သူေတြကို ႏွိပ္စက္သတ္ျဖတ္တဲ့ လူသတ္ကြင္း ( killing field) ဆိုတာကို ေခါင္းစီးယူထားတာပါ။ ခမာနီေတြလက္ထက္မွာ
သူတို႔ရဲ႕ရန္သူလို႔ သတ္မွတ္ခံရသူတိုင္းဟာ လူသတ္ကြင္းျပင္ (killing field) လို႔ေခၚတဲ့ ၿမိဳ႕ေတာ္အျပင္ဘက္က ကြင္းေတြဆီကို ေခၚသြားခံရၿပီး
အသတ္ခံရတာပါ။ ႏွိပ္စက္သတ္ျဖတ္ခံရသူေတြဟာ အသတ္မခံရခင္ သူတို႔အေလာင္းကို ျမႇဳပ္မယ့္က်င္းကို သူတို႔ကိုယ္တိုင္တူးရတာမ်ိဳးေတာင္ ရွိခဲ့ၾကပါတယ္။

အဲဒီအခ်ိန္ကာလအတြင္း ႏိုင္ငံတြင္းရွိ ႏိုင္ငံသားမ်ားတင္သာမက အျခားႏိုင္ငံမွ ႏိုင္ငံျခားသားေတြအပါအဝင္ လူဦးေရ၂သန္းနီးပါး သုတ္သင္ခံခဲ့ရပါတယ္။
ေဆး႐ုံ၊ေက်ာင္းခန္း စတဲ့ေနရာေတြကိုလည္း ရက္စက္လွတဲ့ ေထာင္စခန္းမ်ားအျဖစ္ေျပာင္းလဲခဲ့သလို ၿမိဳ႕ျပလူဦးေရမ်ားစြာလည္း
စစ္ေဘးဒုကၡသည္မ်ားျဖစ္သြားၾကပါတယ္။ ဒါအျပင္ ခမာနီေတြဟာ သန္းနဲ႔ခ်ီတဲ့လူေတြကိုလည္း ၿမိဳ႕ကေန ေတာကိုေ႐ႊ႕ေျပာင္းေစကာ
သူတို႔ရဲ႕လယ္ယာေတြမွာ မတရား ခိုင္းေစခဲ့ၾကပါတယ္။

ဒီဇာတ္လမ္းမွာေတာ့ က‌ေမာၻဒီးယားရဲ႕ၿမိဳ႕‌ေတာ္ ဖႏြမ္းပင္မွာ ခမာနီတပ္ေတြရဲ႕ က်ဴးေက်ာ္မႈေတြ၊ ရက္ရက္စက္စက္ သတ္ျဖတ္မႈေတြကို
ကိုယ္တိုင္ ဗုံး၊ဒုံးက်ည္၊ေသနတ္သံေတြၾကား အသက္လုေျပးကာ ရဲရဲရင့္ရင့္ သတင္းရယူတဲ့ New York Times သတင္းေထာက္ေတြ၊
မိတ္ေဆြ သတင္းေထာက္ေတြကို ခမာနီေတြရဲ႕ဖမ္းဆီးသတ္ျဖတ္မႈကေနလြတ္ဖို႔ ပရန္ရဲ႕က်ားကုတ္က်ားခဲ ႀကိဳးစားအားထုတ္မႈေတြ၊
လူမ်ိဳးမတူေပမဲ့ လူျဖစ္ျခင္းေတြ တူညီၾကတဲ့ မိတ္ေဆြေကာင္းေတြၾကားက ေတြ႕ဆုံႀကဳံကြဲ ဝမ္းနည္း၊ဝမ္းသာမ်က္ရည္ေတြနဲ႔အတူ
စစ္မီးေတြရဲ႕ရက္ရက္စက္စက္ ဝါးၿမိဳျခင္းေၾကာင့္ ျပာက်ခဲ့ရတဲ့ ဘဝေတြကို ရင္တနင့္နင့္ ၾကည့္ရႈခံစားၾကရမွာျဖစ္လို႔
ဒီဇာတ္ကားေလးကို မလြတ္တမ္းၾကည့္ရႈလိုက္ၾကပါဦးေနာ္။

Review – Lullaby
File Size – 1GB,2GB
Format…mp4
Quality : 720p Blu-ray ,1080p Blu-ray
Subtitle : Myanmar Subtitle (Hard Sub)
Translated by Lullaby
Encoded by Arrow

=========================================================================

Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

GDtot လင့္ေဒါင္းနည္း (အစိမ္းျပထားတာကိုကလစ္ပါ)

GDtotဒေါင်းနည်း 1

GDtotဒေါင်းနည်း 2  (Chrome browser သံုးပါ)

website ကေန ဇာတ်ကားဒေါင်းနည်း

(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)

Mega.nz Link ဒေါင်းနည်း

Gdrive Linkဒေါင်းနည်း

 

 

Original title
The Killing Fields
Director
Roland Joffé
Stars
Athol Fugard, Bill Paterson, Craig T. Nelson, Graham Kennedy, Haing S. Ngor, John Malkovich, Julian Sands, Katherine Krapum Chey, Sam Waterston, Spalding Gray
Release Date
01 Feb 1985
Rated
R
Runtime
141 min
Awards
Won 3 Oscars. 28 wins & 22 nominations total
Country
United Kingdom
Budget
USD $14 400 000,00
Revenue
USD $34 700 291,00
Popularity
16.024
Status
Released
ID IMDb.com
tt0087553
IMDB Rating
7.8
IMDB votes
54,714
ID Themoviedb.org
625
TMDb Rating
7.5
TMDb votes
540