Exit print mode Print Data A+ A- Undo all

The Kite Runner

There is a way to be good again.
The Kite RunnerThe Kite Runner

Synopsis:

The Kite Runner ကတော့ အာဖဂန်အမေရိကန် စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Khaled Hosseini ရဲ့ဝတ္ထုကိုရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတာပါ။ စာအုပ်ချစ်သူတော်တော်များများက ဒီစာအုပ်လေးနဲ့ရင်းနှီးကြမယ်ထင်ပါတယ်။ The Kite Runner စာအုပ်ဟာ NewYorks Time မှာနှစ်နှစ်ကျော်
Best Seller စံချိန်ကိုတင်ထားခဲ့တာပါ။ ဇာတ်ကားကတော့ ၂၀၀၇ထဲက ထွက်ခဲ့တဲ့ဇာတ်ကားဟောင်းလေးပေမဲ့ IMDb rating 7.6 တောင်ရထားတာမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
Kite Runner ဆိုတာကေတာ့ စွန်လွှတ်ပြိုင်ပွဲမှာ ပြတ်သွားတဲ့စွန်ကို လိုက်ဖမ်းတဲ့သူကိုခေါ်တာပါ။ အာဖဂန်နစ္စတန်မှာ အရမ်းတော်တဲ့ Kite Runner လေးက ဆယ်နှစ်အရွယ်ဝန်းကျင်ရှိ ဟာဆန်ဆိုတဲ့ကလေးပါ။ ဟာဆန်က သူဌေးကြီးတစ်ယောက်အိမ်က အစေခံရဲ့သားပါ။ သူဌေးကြီးရဲ့သားဖြစ်တဲ့ အမေးရ်ဆိုတဲ့ကလေးက ဟာဆန့်ထက် တစ်နှစ်သာကြီးပြီး သူတို့ကအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေပါ။ သူတို့က ရုပ်ရှင်တွေအတူတူကြည့်ကြ ၊ ဈေးထဲမှာပတ်မွှေကြ၊ စာမတတ်တဲ့ဟာဆန်ကို အမေးရ်က စာဖတ်ပြနဲ့ အမြဲတပူးပူးတတွဲတွဲပါပဲ။ ဒါပေမဲ့ အမေးရ်စိတ်ထဲမှာတော့ ဟာဆန်က အစေခံသား မျိုးရိုးနိမ့်တဲ့ဟာဇရာမျိုးရိုးဆိုတာ ဖျောက်လို့မရပါဘူး။
တစ်နေ့တော့ စွန်ပြိုင်ပွဲမှာ အမေးရ်ကအနိုင်ရခဲ့ပါတယ်။ သူတို့ဆီမှာ စွန်လွှတ်ပြိုင်ပွဲက မြို့နယ်လိုက်ကျင်းပပြီး အနိုင်ရသူကအရမ်းဂုဏ်ယူစရာကောင်းတာပါ။ နောက်ဆုံးပြတ်သွားတဲ့စွန်ကိုဆို လိုက်ဖမ်းပြီး အိမ်မှာဂုဏ်ယူစွာပြထားကြတယ်။ အမေးရ်အတွက် စွန်လိုက်ဖမ်းပေးတာက Kite Runner လေးဟာဆန်ပေါ့။ ဟာဆန် စွန်လိုက်ဖမ်းရင်း ဒုက္ခတစ်ခုကြုံခဲ့ရပါတယ်။ အဲ့ဒုက္ခကနေ အမေးရ်က ကူညီချင်ရင်ရပေမဲ့ ကြောက်စိတ်ရော သူ့စွန်လေးရဖို့ ဟာဆန့်ကိုစတေးရရင် ရပါစေဆိုတဲ့စိတ်နဲ့ ဟာဆန့်ကိုမကယ်ခဲ့ပါဘူး။ နောက်တော့ အကြောင်းအမျိုးမျိုးကြောင့် သူတို့ဝေးကွာခဲ့ရပြီး အမေးရ်ကအမေရိကကိုရောက်သွားပါတယ်။
အနှစ်နှစ်ဆယ်ကျော်ကြာပြီးနောက်မှာ စာရေးဆရာဖြစ်နေပြီဖြစ်တဲ့ အမေးရ်ကို မိတ်ဆွေဟောင်းတစ်ယောက်ဖုန်းဆက်လာပါတယ်။ အိမ်ကိုပြန်လာခဲ့ပါတဲ့ လူကောင်းတစ်ယောက်ဖြစ်ဖို့ နည်းလမ်းရှိပါသေးတယ်တဲ့။ အမေးရ်က သူ့ဘဝရဲ့ဘယ်အချိုးအကွေ့မှာများ လူဆိုးတစ်ယောက်ဖြစ်ခဲ့သလဲ။ အဲ့အချိန်မှာ သူတို့အာဖရန်မှာ တာလီဘန်တွေ ကြီးစိုးနေချိန်ဆိုတော့ သူအိမ်ရောပြန်ပါ့မလား။သူ့အပြစ်တွေအတွက် ပြန်ပေးဆပ်ခွင့်ရောရပါ့မလား။ ဟာဆန်ရော နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာပြီးမှာ ဘာတွေဖြစ်နေပြီလဲ။ စွန်လိုက်ရင်း ဟာဆန်ကြုံခဲ့ရတာက ဘာဒုက္ခပြသနာများလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော်။

Original title
The Kite Runner
Director
Marc Forster
Stars
Atossa Leoni, Khalid Abdalla, Sayed Jafar Masihullah Gharibzada, Shaun Toub
Release Date
11 Jan 2008
Rated
PG-13
Runtime
128 min
Awards
Nominated for 1 Oscar. Another 6 wins & 24 nominations.
Country
USA, China, UK, Afghanistan
Budget
USD $20 000 000,00
Revenue
USD $73 276 047,00
Popularity
9.673
Status
Released
ID IMDb.com
tt0419887
IMDB Rating
7.6
IMDB votes
75,738
ID Themoviedb.org
7979
TMDb Rating
7.3
TMDb votes
779