##unicode
ဒီဇာတ်ကားလေးမှာတော့ ကမ္ဘာကြီးဟာ နောင်တစ်ချိန်မှာ သက်ရှိတွေ အသက်မရှင်နိုင်မယ့်အရေးကို မျှော်တွေးပြီး
K-23 ဆိုတဲ့ဂြိုလ်တစ်ခုကို စူးစမ်းလေ့လာဖို့ အာကာသယာဉ်တစ်စီးကို လွှတ်လိုက်ပါတယ်။
ဒါပေမဲ့ အဲ့ယာဉ်ပြန်မလာခင် ၂ နှစ်အတွင်းမှာပဲ ကမ္ဘာကြီးဟာ အခြေအနေဆိုးဝါးလာပြီး
သက်ရှိတွေအသက်ရှင်ဖို့ ခက်ခဲလာတာကြောင့် လူသားတွေဟာ K-23 ကို ပြောင်းရွှေ့ကြရပါတော့တယ်။
ဒါပေမဲ့ ဒီဂြိုလ်ရှိပြီး လူသားတွေအသက်ရှင်နိုင်လောက်တာကို ရှာဖွေတွေ့ရှိခဲ့တဲ့
သိပ္ပံပညာရှင် အောဂတ်စတင်းကတော့ ကမ္ဘာမှာပဲကျန်ရစ်ခဲ့ပါတယ်။ နောက်ဆုံးလူတွေအားလုံး ထွက်သွားကြပြီးခါမှ
အောဂတ်စတင်းဟာ ကျန်ခဲ့တဲ့ကလေးမလေးတစ်ယောက်ကို ရှာတွေ့သွားပါတယ်။ အဲ့ဒါနဲ့ပဲ ကလေးမလေးကို ပြန်လာခေါ်ဖို့
ထွက်ခွာသွားတဲ့ယာဉ်တွေဆီကို ဆက်သွယ်ဖို့ကြိုးစားရင်း K-23 ကိုစူးစမ်းဖို့ထွက်သွားပြီး ကမ္ဘာမြေကိုပြန်လာတဲ့၊ ကမ္ဘာမြေနဲ့
အဆက်အသွယ်လုပ်ဖို့ ကြိုးစားနေတဲ့ အာကာသယာဉ်နဲ့ ချိတ်ဆက်မိသွားပါတယ်။
ပျက်စီးသွားပြီဖြစ်တဲ့ ကမ္ဘာကြီးပေါ်က အဖိုးကြီးနဲ့ ကလေယမလေးတစ်ယောက်…
ကမ္ဘာကြီးအကြောင်း ဘာမှမသိသေးဘဲ မျှော်လင့်ချက်တွေနဲ့ အိမ်ပြန်လာတဲ့အဖွဲ့…
တို့အကြောင်းကို ကြည့်ရှု့ခံစားကြရမှာပါ။ ဇာတ်သိမ်းမှာ ရင်ထဲတစ်ခုခုတော့ ကျန်ခဲ့ကြမှာပါလို့ ညွှန်းပေးချင်ပါတယ်။
##zawgyi
ဒီဇာတ္ကားေလးမွာေတာ့ ကမာၻႀကီးဟာ ေနာင္တစ္ခ်ိန္မွာ သက္ရွိေတြ အသက္မရွင္ႏိုင္မယ့္အေရးကို ေမွ်ာ္ေတြးၿပီး
K-23 ဆိုတဲ့ၿဂိဳလ္တစ္ခုကို စူးစမ္းေလ့လာဖို႔ အာကာသယာဥ္တစ္စီးကို လႊတ္လိုက္ပါတယ္။
ဒါေပမဲ့ အဲ့ယာဥ္ျပန္မလာခင္ ၂ ႏွစ္အတြင္းမွာပဲ ကမာၻႀကီးဟာ အေျခအေနဆိုးဝါးလာၿပီး
သက္ရွိေတြအသက္ရွင္ဖို႔ ခက္ခဲလာတာေၾကာင့္ လူသားေတြဟာ K-23 ကို ေျပာင္းေ႐ႊ႕ၾကရပါေတာ့တယ္။
ဒါေပမဲ့ ဒီၿဂိဳလ္ရွိၿပီး လူသားေတြအသက္ရွင္ႏိုင္ေလာက္တာကို ရွာေဖြေတြ႕ရွိခဲ့တဲ့
သိပၸံပညာရွင္ ေအာဂတ္စတင္းကေတာ့ ကမာၻမွာပဲက်န္ရစ္ခဲ့ပါတယ္။ ေနာက္ဆုံးလူေတြအားလုံး ထြက္သြားၾကၿပီးခါမွ
ေအာဂတ္စတင္းဟာ က်န္ခဲ့တဲ့ကေလးမေလးတစ္ေယာက္ကို ရွာေတြ႕သြားပါတယ္။ အဲ့ဒါနဲ႔ပဲ ကေလးမေလးကို ျပန္လာေခၚဖို႔
ထြက္ခြာသြားတဲ့ယာဥ္ေတြဆီကို ဆက္သြယ္ဖို႔ႀကိဳးစားရင္း K-23 ကိုစူးစမ္းဖို႔ထြက္သြားၿပီး ကမာၻေျမကိုျပန္လာတဲ့၊ ကမာၻေျမနဲ႔
အဆက္အသြယ္လုပ္ဖို႔ ႀကိဳးစားေနတဲ့ အာကာသယာဥ္နဲ႔ ခ်ိတ္ဆက္မိသြားပါတယ္။
ပ်က္စီးသြားၿပီျဖစ္တဲ့ ကမာၻႀကီးေပၚက အဖိုးႀကီးနဲ႔ ကေလယမေလးတစ္ေယာက္…
ကမာၻႀကီးအေၾကာင္း ဘာမွမသိေသးဘဲ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ အိမ္ျပန္လာတဲ့အဖြဲ႕…
တို႔အေၾကာင္းကို ၾကည့္ရႈ႕ခံစားၾကရမွာပါ။ ဇာတ္သိမ္းမွာ ရင္ထဲတစ္ခုခုေတာ့ က်န္ခဲ့ၾကမွာပါလို႔ ၫႊန္းေပးခ်င္ပါတယ္။
Review – Yue Liang
File Size – 1.5GB
Format…mp4
Quality : 1080p WEB-DL
Genre : Drama, Fantasy, Sci-Fi
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yue Liang
Encoded by Arrow
Leave a Reply