##unicode
The Mitchells Vs The Machines ဇာတ်ကားမှာတော့ Katieကရုပ်ရှင်တွေ ဖန်တီးရတာ
စိတ်ဝင်စားတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။
ဒါပေမဲ့ သူ့အဖေဖြစ်သူ Rickကတော့ Katieရဲ့ဝါသနာကို အားမပေးတဲ့လူပါ။
Katieကသူ့အိမ်မက်ဖြစ်တဲ့ LAကရုပ်ရှင်ကောလိပ်ကျောင်းကို တက်ခွင့်ရပြီးတော့ သူ့အဖေနဲ့ဝေးရာ အိမ်ကထွက်သွားဖို့ကို
စိတ်လှုပ်ရှားနေခဲ့ပါတယ်။ဒါပေမဲ့ သူ့အဖေကတော့ သူတို့သားအဖဆက်ဆံရေး ကောင်းအောင်ပြန်လုပ်ဖို့အတွက်
Katieကျောင်းကို လိုက်ပို့တဲ့ Road tripတစ်ခုကို မိသားစုလိုက်သွားဖို့စီစဉ်ခဲ့ပါတယ်။
ဒီလိုနဲ့ Katieတစ်ယောက် သူ့အမေ အဖေ သူ့မောင်လေးပါပါတဲ့ မိသားစုခရီးကိုထွက်ရင်း ကောလိပ်ကိုသွားရပါတော့တယ်။
လမ်းခရီးမှာ စက်ရုပ်တွေက လူသားတွေအားလုံးကိုဖမ်းဆီးပြီး ကမ္ဘာမြေကိုအုပ်စိုးဖို့စီစဉ်နေတဲ့ဖြစ်ရပ်နဲ့ကြုံရပြီး
လူတွေအကုန်အဖမ်းခံလိုက်ရပေမဲ့ Katieတို့မိသားစုကတော့ စက်ရုပ်တွေ လက်ထဲကလွှတ်မြောက်သွားပါတော့တယ်။
Katieတစ်ယောက် သူ့အနာဂတ်ကိုပြရဖို့အတွက် သူ့မိသားစုနဲ့အတူစက်ရုပ်တွေလက်ကနေ ကမ္ဘာကြီးကို ကယ်တင်ဖို့ကြိုးစားရင်း Katieတို့မိသားစု ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလား။
Katieနဲ့ Rickရဲ့သားအဖေဆက်ဆံရေးရော ပြန်အဆင်ပြေပါ့မလားဆိုတာကြည့်ရှုကြပါအုံး။
##zawgyi
Review – Myet Chel
File Size – 1GB,2GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Animation, Adventure, Comedy
Subtitle : Myanmar Subtitle (hardsub)
Translated by Myet Chel
Encoded by Arrow
Leave a Reply