ဒီကားကတော့၂၀၀၅ခုနှစ်လောက်ကရိုက်ခဲ့တဲ့
Drama ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကတော့
၁၉၇၀ခုနှစ်က တောင်ကိုရီးယားသမ္မတ
ပတ်ချန်ဟီး ကလာဘ်စားမှုတွေရှိတဲ့အပြင်
ပြည်သူတွေအပေါ်ကိုလည်းအာဏာရှင်စနစ်နဲ့
အုပ်ချုပ်နေခဲ့သူတစ်ဦးဖြစ်ပါတယ်။
သူမှာအပါးတော်မြဲနှစ်ယောက်ရှိပါတယ်။
KCIAက အုပ်ချုပ်ရေးမှူးကင်နဲ့လုံခြုံရေးခေါင်းဆောင်ချာ
ဘယ်လက်ရုံးနဲ့ညာလက်ရုံးပေါ့။
နောက်ပိုင်းတော့ သမ္မတကြီးကိုယ်တိုင်ကလည်း
မကောင်းတာမှာပျော်မွေ့တတ်တဲ့သူဆိုတော့
ထင်ထားတဲ့အတိုင်း မကောင်းတဲ့ဖက်ကိုမြှောက်ပေးတတ်တဲ့
လုံခြုံရေးခေါင်းဆောင်ဖက်ကိုအလေးသာသွားပြီ
းပိုအရေးပေးလာခဲ့တယ်။
ဒီကားမှာထူးခြားတာက KCIA အုပ်ချုပ်ရေးမှူးကို
အကောင်းဖက်ကြီးမပြသွားဖူး။
ဒီလိုအရေးပေးတာကို အရင်ကတန်းတူအရေးပေးခံရတဲ့
KCIAအုပ်ချုပ်ရေးမှူးတစ်ယောက်မနာလိုတွေဖြစ်နေခဲ့တာလား။
ဒါမှမဟုတ် တိုင်းပြည်ကိုအာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့
အာဏာရှင်ဆိုးတစ်ယောက်ကိုဆုံးမလိုက်တာလား
ဆိုတာတော့ဘယ်သူမှမသိပါဖူး။
လက်ရှိ လီဗြောင်ဟွန်းကားနဲ့ကျောရိုးသာဆင်တူပြီး
ဒီကားမှာဟိုကားရဲ့နောက်ဆက်တွဲဖြစ်ပျက်ခဲ့တဲ့
အကြောင်းအရာတွေ၊လူ့စိတ်သဘောနဲ့
သမိုင်းကြောင်းအဓိကထားရိုက်ပြထားပါတယ်။
သမိုင်းတစ်ခုကိုစိတ်ဝင်စားတဲ့သူဆိုရင်တော့
ကြည့်ရတာတန်ပြီး သင်ခန်းစာရမယ့်ကားကောင်းလေးတစ်ကားပါ။
တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးအလုပ်ကြံခံရပြီးနောက်
ဘယ်လိုတွေဆက်ဖြစ်တယ်
နောက်ကွယ်မှာဘယ်လိုအရှုပ်တွေရှိနေမလဲဆိုတာ
ဇာတ်ကားကြည့်ရင်း အတူတူအဖြေရှာလိုက်ရအောင်ပါ။
Leave a Reply