Exit print mode Print Data A+ A- Undo all

The Sleepover (2020)

To rescue their parents, they need to get a clue.
The Sleepover (2020)The Sleepover (2020)

Synopsis:

“ကလန္စီ”နဲ႔”ကယ္ဗင္” ေမာင္ႏွစ္မႏွစ္ေယာက္တို႔မွာ စည္းကမ္းတင္းၾကပ္တဲ့မိဘေတြရွိပါတယ္။အထူးသျဖင့္ သူတို႔အေမ”မာေဂါ့”ပါ။
“မာေဂါ့”ကဘယ္ေလာက္ခ်ဳပ္ခ်ယ္တတ္လဲဆိုရင္ အ႐ြယ္ေရာက္ေနတဲ့သမီးျဖစ္သူကိုေတာင္ ဖုန္းေပးမကိုင္၊
ပါတီပြဲေတြလဲမသြားခိုင္း၊ဆံပင္လဲေဆးမဆိုးခိုင္းပါဘူး။
သူကိုယ္တိုင္လဲ ေက်ာင္းမွာတုန္းက စာၾကည့္တိုက္မွာသာအခ်ိန္ကုန္ခဲ့ၿပီး ႐ိုး႐ိုးေအးေအးႀကီးေနတတ္တဲ့သူပါ။
အဲ့လိုခ်ဳပ္ခ်ယ္ေပမယ့္လဲ တစ္ညမွာ “ကလန္စီ”က သူငယ္ခ်င္းျဖစ္သူ”မင္”နဲ႔အတူ သူငယ္ခ်င္းေကာင္ေလးတစ္ေယာက္ရဲ႕ ပါတီပြဲကိုသြားဖို႔အတြက္ခိုးထြက္ဖို႔ႀကံစည္ပါေတာ့တယ္။
အဲ့ညမွာပဲ “ကယ္ဗင္” သူငယ္ခ်င္း”လူးဝစ္”လဲညအိပ္လာလည္ၿပီး ၿခံထဲကတဲေလးထဲမွာ ေဆာ့ကစားေနၾကပါတယ္။”လူးဝစ္”တစ္ေယာက္အိမ္ထဲမွာ အိမ္သာသြားတက္ေနတဲ့အခ်ိန္ အိမ္ထဲကိုလူႏွစ္ေယာက္ဝင္လာၿပီး “မာေဂါ့”နဲ႔တိုက္ခိုက္ေနတာကိုေတြ႕လိုက္ပါတယ္။”ကယ္ဗင္”နဲ႔ “ကလန္စီ”တို႔ဆီအေျပးသြားေျပာၿပီး သူတို႔ေတြအိမ္ထဲျပန္ဝင္လာခ်ိန္မွာေတာ့ သူတို႔အေမနဲ႔အေဖမရွိၾကေတာ့ဘဲ ဟိုလူႏွစ္ေယာက္ကဖမ္းေခၚသြားမွန္းသိလိုက္ပါေတာ့တယ္။
မုန္႔ဆိုင္ေလးပဲပိုင္ဆိုင္ထားတဲ့အေဖနဲ႔ ႐ိုး႐ိုးႀကီးသာေနတတ္တဲ့အေမတို႔ကို ဘယ္လိုအေၾကာင္းေတြမ်ားရွိလို႔ လာဖမ္းေခၚသြားရတာလဲဆိုတာ “ကလန္စီ”တို႔တေတြ နားမလည္ႏိုင္ျဖစ္ေနတုန္းမွာပဲ သူတို႔အေမခ်န္ထားခဲ့တဲ့သဲလြန္စကတဆင့္ အံ့ၾသစရာေကာင္းေလာက္ေအာင္လွ်ိဳ႕ဝွက္ထားခဲ့တဲ့ အေမျဖစ္သူရဲ႕အတိတ္ဘဝမွန္ကို သိရွိသြားခ်ိန္မွာေတာ့…..
ဒီကားေလးထဲမွာ “ကလန္စီ”တို႔ ကေလးေလးေယာက္သား အတင္းဖမ္းေခၚသြားခံရတဲ့မိဘေတြကို ကယ္တင္ဖို႔စြန္႔စားၾကပုံေတြကို ေတြ႕ရမွာပဲျဖစ္ပါတယ္။Action, Adventure, Comedyအမ်ိဳးအစားျဖစ္တဲ့အတြက္ ဇာတ္လမ္းေလးက ရယ္လဲရယ္ရၿပီး တကယ္ၾကည့္လို႔ေကာင္းတာေၾကာင့္ လက္မလႊတ္တမ္းၾကည့္ရႈၾကဖို႔ ၫႊန္းလိုက္ရပါတယ္။

##unicode

“ကလန်စီ”နဲ့”ကယ်ဗင်” မောင်နှစ်မနှစ်ယောက်တို့မှာ စည်းကမ်းတင်းကြပ်တဲ့မိဘတွေရှိပါတယ်။အထူးသဖြင့် သူတို့အမေ”မာဂေါ့”ပါ။
“မာဂေါ့”ကဘယ်လောက်ချုပ်ချယ်တတ်လဲဆိုရင် အရွယ်ရောက်နေတဲ့သမီးဖြစ်သူကိုတောင် ဖုန်းပေးမကိုင်၊
ပါတီပွဲတွေလဲမသွားခိုင်း၊ဆံပင်လဲဆေးမဆိုးခိုင်းပါဘူး။
သူကိုယ်တိုင်လဲ ကျောင်းမှာတုန်းက စာကြည့်တိုက်မှာသာအချိန်ကုန်ခဲ့ပြီး ရိုးရိုးအေးအေးကြီးနေတတ်တဲ့သူပါ။
အဲ့လိုချုပ်ချယ်ပေမယ့်လဲ တစ်ညမှာ “ကလန်စီ”က သူငယ်ချင်းဖြစ်သူ”မင်”နဲ့အတူ သူငယ်ချင်းကောင်လေးတစ်ယောက်ရဲ့ ပါတီပွဲကိုသွားဖို့အတွက်ခိုးထွက်ဖို့ကြံစည်ပါတော့တယ်။
အဲ့ညမှာပဲ “ကယ်ဗင်” သူငယ်ချင်း”လူးဝစ်”လဲညအိပ်လာလည်ပြီး ခြံထဲကတဲလေးထဲမှာ ဆော့ကစားနေကြပါတယ်။”လူးဝစ်”တစ်ယောက်အိမ်ထဲမှာ အိမ်သာသွားတက်နေတဲ့အချိန် အိမ်ထဲကိုလူနှစ်ယောက်ဝင်လာပြီး “မာဂေါ့”နဲ့တိုက်ခိုက်နေတာကိုတွေ့လိုက်ပါတယ်။”ကယ်ဗင်”နဲ့ “ကလန်စီ”တို့ဆီအပြေးသွားပြောပြီး သူတို့တွေအိမ်ထဲပြန်ဝင်လာချိန်မှာတော့ သူတို့အမေနဲ့အဖေမရှိကြတော့ဘဲ ဟိုလူနှစ်ယောက်ကဖမ်းခေါ်သွားမှန်းသိလိုက်ပါတော့တယ်။
မုန့်ဆိုင်လေးပဲပိုင်ဆိုင်ထားတဲ့အဖေနဲ့ ရိုးရိုးကြီးသာနေတတ်တဲ့အမေတို့ကို ဘယ်လိုအကြောင်းတွေများရှိလို့ လာဖမ်းခေါ်သွားရတာလဲဆိုတာ “ကလန်စီ”တို့တတွေ နားမလည်နိုင်ဖြစ်နေတုန်းမှာပဲ သူတို့အမေချန်ထားခဲ့တဲ့သဲလွန်စကတဆင့် အံ့သြစရာကောင်းလောက်အောင်လျှို့ဝှက်ထားခဲ့တဲ့ အမေဖြစ်သူရဲ့အတိတ်ဘဝမှန်ကို သိရှိသွားချိန်မှာတော့…..
ဒီကားလေးထဲမှာ “ကလန်စီ”တို့ ကလေးလေးယောက်သား အတင်းဖမ်းခေါ်သွားခံရတဲ့မိဘတွေကို ကယ်တင်ဖို့စွန့်စားကြပုံတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။Action, Adventure, Comedyအမျိုးအစားဖြစ်တဲ့အတွက် ဇာတ်လမ်းလေးက ရယ်လဲရယ်ရပြီး တကယ်ကြည့်လို့ကောင်းတာကြောင့် လက်မလွှတ်တမ်းကြည့်ရှုကြဖို့ ညွှန်းလိုက်ရပါတယ်။

Review – Nina
File Size – 1GB
Format…mp4
Quality : 1080p WEB-DL
Duration…1h 40min
Genre :Action, Adventure, Comedy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Nina,Myet Chel
Encoded by Arrow

Original title
The Sleepover
Director
Trish Sie
Stars
Joe Manganiello, Karla Souza, Ken Marino, Malin Akerman
Release Date
21 Aug 2020
Rated
N/A
Runtime
100 min
Awards
N/A
Country
USA
Budget
USD $
Warning: number_format() expects parameter 1 to be float, string given in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/single/movies_print.php on line 104
Revenue
USD $
Warning: number_format() expects parameter 1 to be float, string given in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/single/movies_print.php on line 110
Popularity
52.713
Status
Released
ID IMDb.com
tt10888708
IMDB Rating
N/A
IMDB votes
N/A
ID Themoviedb.org
626393
TMDb Rating
5.9
TMDb votes
9