The Soul-Mate (2018)
Synopsis:
The Soul-Mate(2018)
ဒီကားရဲ့ အဓိက ခေါင်းဆောင်မင်းသားဖြစ်တဲ့ Dong-seok Maကိုတော့
ကျွန်တော်တို့မြန်မာပရိတ်သတ်တွေ အကြိုက်ဖြစ်ခဲ့တဲ့ Along with the Gods, Unstoppable ,The Outlaws
စတဲ့ နာမည်ကြီးကားတွေမှာရင်းနှီးပြီးသားမို့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်….
တခြားသူတွေမျက်လုံးပေါက်ကိုမှေးကျဉ်းလိုက်ပြီး မျက်နှာကြီးရှုံထားရင် ထိတ်လန့်စရာကောင်းနေပေမယ့်
ဒီမင်းသားကြီးအဲ့လိုအမူအရာလုပ်ရင် ရိုးသားပြီးချစ်စရာကောင်းနေတာကလည်း အံသြစရာပင်…
သူ့ရဲ့မွေးရာပါ မျက်နှာကပင် အဲ့လိုပဲလားမသိပေ…
The Soul-Mate ဇာတ်ကားထဲမှာတော့ ဂျူဒိုဆရာတစ်အဖြစ်သရုပ်ဆောင်ထားပြီး
သူ့မှာ နှလုံးအားနည်းရောဂါရှိတဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်…
တစ်နေ့သူရဲ့ ကားကိုရဲက သိမ်းသွားတော့ ယူသွားတဲ့ရဲနောက်ကိုလိုက်ခဲ့ပါတယ်..
အဲ့ဒီအခါမှာ ရဲရော သူရောကို ဒုစရိုက်သမားတွေက သေလောက်အောင်ရိုက်သွားပါတယ်…
တကယ်တော့ ရဲနဲ့ ဂျူဒိုဆရာတို့ဟာ တကယ့်ပြသနာတောကြီးထဲကိုရောက်ရှိသွားတာပါ…
ကဲ သူတို့ ဘယ်လိုပြသနာတောကြီးထဲကိုရောက်သွားတာလဲ…..
အရိုက်ခံရပြီးဆေးရုံပေါ်ရောက်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်နေမလဲ…
ဒုစရိုက်ဂိုဏ်းနဲ့ရော ဘယ်လိုတွေဆက်ဖြစ်မလဲ…နောက်ကွယ်က ဘယ်သူတွေရှိနေမလဲ…ဆိုတာကိုတော့