မိသားစုတစ်စုထဲမှာ လမ်းခွဲခြင်း၊ ကွာရှင်းခြင်း၊ လက်ထပ်ခြင်း သုံးမျိုးစလုံး တပြိုင်နက်ဖြစ်သွားတဲ့အချိန်မှာ
စိတ်ထွက်ပေါက်က ဘယ်ဟာဖြစ်လာမယ်ထင်မိပါသလဲ။
ဝါသနာနဲ့ အသက်မွေးမှုအလုပ် ထပ်တူမကျခဲ့တဲ့ လူတစ်ယောက်ကရော ပျော်ရွှင်နိုင်ပါ့မလား။
အဲဒီလို အိမ်တွင်းရေးပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့တိုင်ပတ်နေတဲ့ နယူးယောက်က
ပန်းချီဝါသနာရှင်မလေး Frances၊ တရက်မှာတော့ အိမ်နဲ့ဝေးတဲ့နေရာဖြစ်ရင် ပြီးရောဆိုပြီ
း အာတိတ်ဒေသက အလုပ်တစ်ခုကို လက်ခံလိုက်ပါတယ်။ အဲဒီလို ကမ္ဘာ့အစွန်းဖျားဒေသတစ်ခုမှာ
နောက်ထပ် အထီးကျန်သူတစ်ယောက်နဲ့ ဖူးစာဆုံရလိမ့်မယ်ဆိုတာ ဘယ်သူများကြိုသိခဲ့မှာလဲ။
ဆုံးရှုံးခြင်းပန်းချီကားထဲက သူတို့ရဲ့ဘဝတွေက လိုက်လို့ပြေးနေတာလား ပြေးလို့လိုက်နေတာလား။
…အစရှိတဲ့ အချိုးအကွေ့တွေနဲ့ ဘဝပန်းချီကားသစ်တစ်ချပ်ကို ဘယ်လိုတွေ ခြယ်မှုန်းကျမလဲဆိုတာ
ချစ်ရာကောင်းအောင် ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ ဆက်လက်ရှူစားကြည့်ကြပါဦး..
Upload on Youtube
Leave a Reply