##unicode
ဇာတ်လမ်းပုံစံခပ်ကြမ်းကြမ်းလေးနဲ့အိန္ဒိယအက်ရှင်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ဆတ်တရားဟာကနူးဆိုတဲ့မြို့လေးကိုဆရာဝန်ပေါက်စအနေနဲ့မြို့တော်ဆေးရုံမှာ
တာဝန်ထမ်းဆောင်ဖို့သူ့အမေနဲ့အတူပြောင်းလာခဲ့ပါတယ် အဲဒီကနူးမြို့မှာဂုရုဆိုတဲ့လူဆိုးတစ်ယောက်ရှိပါတယ်
မြို့ကိုအကြောက်တရားနဲ့အုပ်စိုးပြီးထင်တိုင်းကြဲ လူတွေသတ်ဖြတ်ပြီးအုပ်ချုပ်နေတဲ့သူတစ်ယောက်ပေါ့
ဆတ်တရားဒီမြို့ကိုရောက်မလာခင်အထိ သူ့ကိုဆန့်ကျင်ရဲတဲ့သူ သူ့မတရားမှုတွေကို
ဖော်ထုတ်ရဲတဲ့သူဆိုတာမရှိသလောက်ပါပဲ
တစ်နေ့မှာဆတ်တရားဟာလမ်းမပေါ်မှာဂုရုဓားနဲ့ခုတ်သတ်တာခံရတဲ့လူတစ်ယောက်ကိုဆေးရုံကိုခေါ်ပြီးကုသပေးခဲ့ပါတယ်
ဆရာဝန်ပေါက်စဖြစ်တဲ့ဆတ်တရားဟာပထမဆုံးလူနာကိုကယ်တင်ပေးနိုင်ခဲ့တဲ့အတွက်ဝမ်းသာနေတုန်းမှာပဲ သူ့ရဲ့လူနာကိုဂုရုရဲ့
လူတွေကဆေးရုံအထိလာပြီး သတ်ဖြတ်သွားပါတယ် အဲဒီမှာဆတ်တရားတစ်ယောက်ဂုရုရဲ့မတရားမှုတွေ မကောင်းမှုတွေကို
တွန်းလှန်ဖို့ကြိုးစားတော့တာပေါ့ လူသတ်တဲ့နေရာမှာရက်စက်ကြမ်းကြုတ်တဲ့အပြင် နောက်လိုက်နောက်ပါတွေအများကြီးရှိတဲ့ဂုရုကို
ဆတ်တရားတစ်ယောက်အနိုင်ယူနိုင်ပါ့မလား ဘယ်လိုအန္တရာယ်တွေကိုကျော်ဖြတ်ရဦးမလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 1.3GB,2.6GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply