The Willoughby 2020
လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ ကားတွန်းကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။
ကားတွန်းကား ချစ်ပရိသတ်တို့အတွက်ပါ။ ဒါပေမယ့် သတိပေးစရာရှိပါတယ်။
တကယ်လို့ သင်က မိသားစု အတူတူပျော်ရွှင်နေတဲ့ကားမျိုး၊ မိသားစု အတူတူချစ်ခင်နေတဲ့ ဇာတ်လမ်းမျိုးကို ကြိုက်တဲ့သူဆိုရင်တော့ ဒီရုပ်ရှင်က သင့်အတွက် အဆင်မပြေပါဘူး။ ကားတွန်းကားပေမယ့် ” happy ever after” ဇာတ်လမ်းမျိုးမဟုတ်ပဲ မျက်ရည်၀ဲရမယ့်ကားလေးပါ။
ဇာတ်လမ်းကတော့ ကြောင်တစ်ကောင်ကနေ နောက်ခံစကားပြောပေးထားတဲ့ ဇာတ်လမ်းမျိုးပါ။ကြောင်က ဇာတ်လမ်းထဲ ၀င်မပါပါဘူး။ နောက်ခံစကားပြော သီးသန့်ပဲ။
The Willoughby ဆိုတဲ့ အစဉ်အလာ ကြီးမားတဲ့ မိသားစုကြီးရှိတယ်။ သူတို့မျိုးဆက်တွေထဲမှာ သိပ္ပံပညာရှင်၊ အတွေးအခေါ်ပညာရှင်၊ အနုပညာရှင် အစုံရှိပါတယ်။ နောက်ဆုံးမျိုးဆက်ကတော့ အချစ်အရမ်းကြီးပါတယ်။ သူ့မိန်းမကိုပေါ့။
ခုနောက်ဆုံး မျိုးဆက်ကတော့ ကလေး 4ယောက် မွေးထားပါတယ်။ကလေးတွေ မွေးထားပေမယ့် အစားအသောက်လည်း ပုံမှန်မကျွေးတဲ့ အပြင် ချစ်လည်း မချစ်ကြဘူး။ သူတို့ကလေးတွေကို မိဘအနေနဲ့ သူတို့ပေးထားတာ ဆိုလို့ နာမည်ပဲ ရှိပါတယ်။ ရက်စက်လိုက်ကြတာ။ အဲ့ကြောင့်ပြောတာပေါ့ ငိုရတယ်လို့။
နောက်ပိုင်း ကလေးတွေက ဘယ်လို စိတ်ကူးရသွားလဲဆိုတော့ သူတို့ရင်ထဲမှာ အရမ်းနာကျည်းလာတော့ သူတို့ကိုယ်သူတို့ မိဘမဲ့ကလေးတွေ ဖြစ်အောင် ဖန်းတီးကြပါတော့တယ်။
အစီအစဉ်ကတော့ သူတို့မိဘကို ပြန်လမ်းမရှိတဲ့နေရာကို ပို့ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ မိဘတွေ မရှိတော့ရင် သူတို့လွတ်လပ်ပြီပေါ့။ သူတို့မိဘကလည်း သွားကြပါတယ်။ နှစ်ယောက်ထဲကမ္ဘာသာဆိုရင် ငရဲပြည်လည်း သွားမယ့် မိဘမျိုးဆိုတော့လေ။
ဒီတော့ကား သူတို့မိဘတွေ တကယ်သေသွားမလား၊ ဒါမှမဟုတ် သူတို့မိသားစု ပြန်အဆင်ပြေသွားမလား ဆိုတာကိုတော့ အချိန်မဆွဲပဲ download လုပ်ပြီး ကြည့်လိုက်ပါ။ ထပ်ပြောမယ်နော် သိပ်တော့မမျှော်လင့်နဲ့ပေါ့ မျှော်လင့်သလို ဖြစ်မလာရင် ကိုယ်ပဲ ခံစားရမှာ။
” Happy Ever After…” ဖြစ်လာနိုင်ပါ့မလား…..။
Upload on Youtube
Upload on Youtube
Upload on Youtube
Leave a Reply