##unicode
ဒီတစ်ခေါက်မှာတော့ပေါ့ပေါ့ပါးပါးလေးနဲ့ စိတ်အပန်းပြေစေမယ့် ရိုမန့်စ်ဟာသအိန္ဒိယကားလေးကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့သီရူချစ်တရမ်ဘာလမ်ဟာ သူ့အမေနဲ့ညီမဖြစ်သူ အက်စီးဒင့်အတွင်းဆုံးပါးသွားပြီကတည်းက အဖေဖြစ်သူကိုအပြစ်တင်ပြီးတော့
စကားမပြောဘဲနေတာ ၁၀ နှစ်လောက်ရှိပြီဖြစ်ပါတယ် ပညာရေးကိုလည်းအဖေဖြစ်သူကိုရွဲ့ပြီးဆုံးခန်းတိုင်အောင်မသင်ခဲ့တာကြောင့် လက်ရှိမှာ
အလုပ်လည်းကောင်းကောင်းမွန်မွန်မရဘဲ အစားအသောက်ပို့တဲ့သူအဖြစ်အသက်မွေးနေတာဖြစ်ပါတယ် သူ့ရဲ့အခင်ဆုံးသူငယ်ချင်းကတော့ရှိုဘာနာဆိုတဲ့သူငယ်ချင်းမလေးပေါ့
အမြဲတမ်းဆိုးတိုင်ပင်ကောင်းတိုင်ပင်နဲ့အတူရှိခဲ့တဲ့သူငယ်ချင်းမလေးရှိုဘာနာဟာ သီရူရဲ့အချစ်ရေး မိသားစုရေးအားလုံးကို
တိုင်ပင်ဆွေးနွေးပြီးကူညီပေးတတ်တဲ့သူဖြစ်ပါတယ် အရာအားလုံးမှာအဆင်မပြေနေတဲ့သီရူဟာအချစ်ရေးမှာလည်းအဆင်မပြေဘဲ
သူသဘောကျတဲ့ကောင်မလေးမှန်သမျှက ပစ်သွားတာချည်းပါပဲ
ဒီလိုနဲ့တစ်ရက်မှာတော့အဘိုးဖြစ်သူကဘဝလက်တွဲဖော်ကိုရှာတဲ့အခါဝေးဝေးကိုမကြည့်ဘဲအနီးနားကိုကြည့်ဖို့ပြောလာတဲ့အခါမှာ
ရှိုဘာနာကိုသတိထားမိသွားခဲ့ပါတော့တယ် ကဲ….သူငယ်ချင်းအဖြစ်ပဲနေခဲ့ကြတဲ့သူတို့နှစ်ယောက်အဆင့်တက်ပြီး လက်တွဲဖော်တွေဖြစ်သွားမလား
အမြဲတမ်းကျန်ရစ်ဖြစ်နေတဲ့သီရူတစ်ယောက်ဒီတစ်ခေါက်ရောကျန်ရစ်ဖြစ်ဦးမှာလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
ဒီတစ္ေခါက္မွာေတာ့ေပါ့ေပါ့ပါးပါးေလးနဲ႔ စိတ္အပန္းေျပေစမယ့္ ႐ိုမန႔္စ္ဟာသအိႏၵိယကားေလးကိုေ႐ြးခ်ယ္တင္ဆက္ေပးလိုက္ပါတယ္
ဇာတ္လမ္းအက်ဥ္းကေတာ့သီ႐ူခ်စ္တရမ္ဘာလမ္ဟာ သူ႔အေမနဲ႔ညီမျဖစ္သူ အက္စီးဒင့္အတြင္းဆုံးပါးသြားၿပီကတည္းက အေဖျဖစ္သူကိုအျပစ္တင္ၿပီးေတာ့
စကားမေျပာဘဲေနတာ ၁၀ ႏွစ္ေလာက္ရွိၿပီျဖစ္ပါတယ္ ပညာေရးကိုလည္းအေဖျဖစ္သူကို႐ြဲ႕ၿပီးဆုံးခန္းတိုင္ေအာင္မသင္ခဲ့တာေၾကာင့္ လက္ရွိမွာ
အလုပ္လည္းေကာင္းေကာင္းမြန္မြန္မရဘဲ အစားအေသာက္ပို႔တဲ့သူအျဖစ္အသက္ေမြးေနတာျဖစ္ပါတယ္ သူ႔ရဲ႕အခင္ဆုံးသူငယ္ခ်င္းကေတာ့ရႈိဘာနာဆိုတဲ့သူငယ္ခ်င္းမေလးေပါ့
အၿမဲတမ္းဆိုးတိုင္ပင္ေကာင္းတိုင္ပင္နဲ႔အတူရွိခဲ့တဲ့သူငယ္ခ်င္းမေလးရႈိဘာနာဟာ သီ႐ူရဲ႕အခ်စ္ေရး မိသားစုေရးအားလုံးကို
တိုင္ပင္ေဆြးေႏြးၿပီးကူညီေပးတတ္တဲ့သူျဖစ္ပါတယ္ အရာအားလုံးမွာအဆင္မေျပေနတဲ့သီ႐ူဟာအခ်စ္ေရးမွာလည္းအဆင္မေျပဘဲ
သူသေဘာက်တဲ့ေကာင္မေလးမွန္သမွ်က ပစ္သြားတာခ်ည္းပါပဲ
ဒီလိုနဲ႔တစ္ရက္မွာေတာ့အဘိုးျဖစ္သူကဘဝလက္တြဲေဖာ္ကိုရွာတဲ့အခါေဝးေဝးကိုမၾကည့္ဘဲအနီးနားကိုၾကည့္ဖို႔ေျပာလာတဲ့အခါမွာ
ရႈိဘာနာကိုသတိထားမိသြားခဲ့ပါေတာ့တယ္ ကဲ….သူငယ္ခ်င္းအျဖစ္ပဲေနခဲ့ၾကတဲ့သူတို႔ႏွစ္ေယာက္အဆင့္တက္ၿပီး လက္တြဲေဖာ္ေတြျဖစ္သြားမလား
အၿမဲတမ္းက်န္ရစ္ျဖစ္ေနတဲ့သီ႐ူတစ္ေယာက္ဒီတစ္ေခါက္ေရာက်န္ရစ္ျဖစ္ဦးမွာလားဆိုတာကိုေတာ့ဇာတ္လမ္းထဲမွာဆက္လက္ေစာင့္ၾကည့္ေပးၾကပါဦးေနာ္
Review – Phyu Sin
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
GDtot လင့္ေဒါင္းနည္း (အစိမ္းျပထားတာကိုကလစ္ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply