##unicode
ဒီဇာတ်ကားကို ဒါရိုက်တာ ဂျိုးလ်စကူမာချာက ရိုက်ကူးပြီး ၂၀၀၀ ခုနှစ်မှာ ပြသခဲ့တာပါ။
မင်းသားချော ကောလင်းဖာရယ်ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ ဘော်စတွန်ရုပ်ရှင်
ဝေဖန်သူများအဖွဲ့အစည်းမှ ပေးအပ်သော အကောင်းဆုံးသရုပ်ဆောင်ဆု ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့ပါတယ်။
အမေရိကန်ဒရမ်မာစစ်ကားဖြစ်ပါတယ်။ အမေရိကန်-ဗီယက်နမ်စစ်ပွဲ ဆင်နွဲနေချိန် ၁၉၇၁ ခုနှစ်ကာလ
နောက်ခံဇာတ်ကားအဖြစ်ရိုက်ကူးထားတာပါ။ အမေရိကန်က ဗီယက်နမ်စစ်ကိုရှုံးနိမ့်ခဲ့ပါတယ်။
ဗီယက်နမ်စစ်ပွဲအတွင်းကို စေလွှတ်မယ့် အမေရိကန်စစ်သားတွေကို ဖော့တ်ပေါ့ခ်စစ်စခန်းမှာ
သင်တန်းပေးပြီးမှ စေလွှတ်ခဲ့တာပါ။ ရိုလန်ဘော့ဇ်အဖြစ်သရုပ်ဆောင်သူ မင်သားဇာရယ်ဟာ
စစ်ကိုဆန့်ကျင်သူတစ်ဦးဖြစ်ပြီး သူငယ်ချင်းဖြစ်သည့်ဂျင်ပက်စ်တွန်နှင့်အတူ သင်တန်းကာလ
သူ၏အတွေ့အကြုံများကို ဂျာနယ်တစ်ခုတွင် မှတ်တမ်းတင်ရန် စိတ်အားထက်သန်ခဲ့တယ်။
အစပိုင်းမှာတော့ ပြသနာရှာတတ်သူရဲဘော်တစ်ယောက်လို့ ထင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ
အကြောင်းအမျိုးမျိုးကြောင့် တပ်ထဲရောက်လာခဲ့ပြီး အဆင်မပြေမှုတွေကြောင့် တပ်ထွက်ခွင့်
ရချင်သူတွေကို ကူညီခဲ့တာတွေနဲ့ သူရဲ့ရဲရင်တဲ့စိတ်ဓာတ်ကြောင့် အများက ခေါင်းဆောင်အဖြစ်
အသိအမှတ်ပြုခဲ့ပါတယ်။ သူကိုယ်တိုင်လည်း တပ်ကထွက်ပြေးဖို့ စီစဉ်ပြီးမှ သူငယ်ချင်းသံယောဇဉ်
ကြောင့် ထွက်မပြေးဖြစ်ခဲ့ရတာပါ။
စစ်တပ်ရဲ့ အဆိုအမိန့်တစ်ခုဖြစ်တဲ့ လူအများမှ
တစ်ယောက်ဖြစ်လာအောင်ပူးပေါင်းဆောင်ရွက်မှုနဲ့ အခက်အခဲကျော်ဖြတ်မှုတွေ၊ သင်တန်းကာလ
ပင်ပန်းဆင်းရဲမှုတွေကို ကြည့်ရျုခံစားရမှာ ဖြစ်ပါတယ်၊ လူအများနဲ့ အတူပူးတွဲနေထိုင်စားသောက်ရတဲ့
အသင်းအဖွဲ့တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချင်းချင်းမနာလိုမှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ လက်စားချေမှုနဲ့ ကူညီ
ရိုင်းပင်းတတ်မှုစတဲ့ လူ့သဘာဝတွေကို ထင်ထင်ရှားရှားမြင်ရမယ့် စစ်ဘက်လေ့ကျင့်ရေးစခန်း
တစ်ခုအကြောင်းမို့ မလွတ်တမ်းကြည့်ရှု အားပေးကြပါဦး။
##zawgyi
ဒီဇာတ္ကားကို ဒါ႐ိုက္တာ ဂ်ိဳးလ္စကူမာခ်ာက ႐ိုက္ကူးၿပီး ၂၀၀၀ ခုႏွစ္မွာ ျပသခဲ့တာပါ။
မင္းသားေခ်ာ ေကာလင္းဖာရယ္ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဒီဇာတ္ကားမွာ ေဘာ္စတြန္႐ုပ္ရွင္
ေဝဖန္သူမ်ားအဖြဲ႕အစည္းမွ ေပးအပ္ေသာ အေကာင္းဆုံးသ႐ုပ္ေဆာင္ဆု ေ႐ႊကမာၻလုံးဆုကို ရရွိခဲ့ပါတယ္။
အေမရိကန္ဒရမ္မာစစ္ကားျဖစ္ပါတယ္။ အေမရိကန္-ဗီယက္နမ္စစ္ပြဲ ဆင္ႏြဲေနခ်ိန္ ၁၉၇၁ ခုႏွစ္ကာလ
ေနာက္ခံဇာတ္ကားအျဖစ္႐ိုက္ကူးထားတာပါ။ အေမရိကန္က ဗီယက္နမ္စစ္ကိုရႈံးနိမ့္ခဲ့ပါတယ္။
ဗီယက္နမ္စစ္ပြဲအတြင္းကို ေစလႊတ္မယ့္ အေမရိကန္စစ္သားေတြကို ေဖာ့တ္ေပါ့ခ္စစ္စခန္းမွာ
သင္တန္းေပးၿပီးမွ ေစလႊတ္ခဲ့တာပါ။ ႐ိုလန္ေဘာ့ဇ္အျဖစ္သ႐ုပ္ေဆာင္သူ မင္သားဇာရယ္ဟာ
စစ္ကိုဆန႔္က်င္သူတစ္ဦးျဖစ္ၿပီး သူငယ္ခ်င္းျဖစ္သည့္ဂ်င္ပက္စ္တြန္ႏွင့္အတူ သင္တန္းကာလ
သူ၏အေတြ႕အႀကဳံမ်ားကို ဂ်ာနယ္တစ္ခုတြင္ မွတ္တမ္းတင္ရန္ စိတ္အားထက္သန္ခဲ့တယ္။
အစပိုင္းမွာေတာ့ ျပသနာရွာတတ္သူရဲေဘာ္တစ္ေယာက္လို႔ ထင္ခဲ့ၾကေပမယ့္ ေနာက္ပိုင္းမွာ
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တပ္ထဲေရာက္လာခဲ့ၿပီး အဆင္မေျပမႈေတြေၾကာင့္ တပ္ထြက္ခြင့္
ရခ်င္သူေတြကို ကူညီခဲ့တာေတြနဲ႔ သူရဲ႕ရဲရင္တဲ့စိတ္ဓာတ္ေၾကာင့္ အမ်ားက ေခါင္းေဆာင္အျဖစ္
အသိအမွတ္ျပဳခဲ့ပါတယ္။ သူကိုယ္တိုင္လည္း တပ္ကထြက္ေျပးဖို႔ စီစဥ္ၿပီးမွ သူငယ္ခ်င္းသံေယာဇဥ္
ေၾကာင့္ ထြက္မေျပးျဖစ္ခဲ့ရတာပါ။
စစ္တပ္ရဲ႕ အဆိုအမိန႔္တစ္ခုျဖစ္တဲ့ လူအမ်ားမွ
တစ္ေယာက္ျဖစ္လာေအာင္ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ အခက္အခဲေက်ာ္ျဖတ္မႈေတြ၊ သင္တန္းကာလ
ပင္ပန္းဆင္းရဲမႈေတြကို ၾကည့္ရ်ဳခံစားရမွာ ျဖစ္ပါတယ္၊ လူအမ်ားနဲ႔ အတူပူးတြဲေနထိုင္စားေသာက္ရတဲ့
အသင္းအဖြဲ႕ေတြမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အခ်င္းခ်င္းမနာလိုမႈ၊ ခိုက္ရန္ျဖစ္ပြားမႈ၊ လက္စားေခ်မႈနဲ႔ ကူညီ
႐ိုင္းပင္းတတ္မႈစတဲ့ လူ႔သဘာဝေတြကို ထင္ထင္ရွားရွားျမင္ရမယ့္ စစ္ဘက္ေလ့က်င့္ေရးစခန္း
တစ္ခုအေၾကာင္းမို႔ မလြတ္တမ္းၾကည့္ရႈ အားေပးၾကပါဦး။
Review – Ko Ko Min
File Size – 1.2GB
Format…mp4
Quality : 1080p
Duration… 1
Genre :Drama, War
Subtitle : Myanmar Subtitle (Hard Sub)
Translated by Ko Ko Min
Encoded by Arrow
Leave a Reply