Tinkerbell secret of the wings ဇာတ်ကားလေးမှာတော့နတ်သမီးလေး Tinkerbellတစ်ယောက်တားမြစ်ထားတဲ့ဆောင်းတောအုပ်ထဲ မတော်မဆရောက်သွားချိန်မှာ သူမရဲ့အတောင်ပံတွေကအရောင်တောက်ပလာပါတယ်။တောင်ပံတွေအရောင်တက်ပလာတဲ့အကြောင်းကိုသိချင်တဲ့ Tinkerbellတစ်ယောက် မဝင်ရတားမြစ်ထားတဲ့ဆောင်းသစ်တောကိုသွားဖို့ကြံစည်ပါတော့တယ်။အဲ့ဒီမှာ Periwinkleဆိုတဲ့ဆောင်းနတ်သမီးလေးတစ်ပါးနဲ့တွေ့ဆုံပြီး သူမရဲ့လျိဝှက်ချက်ကိုရှာဖွေတွေ့ရှိသွားပါတယ်။
Tinkerbellတစ်ယောက်သူမတောင်ပံတွေအရောင်တောက်လာတဲ့အကြောင်းကိုသိနိုင်မလား။
Periwinkleနဲ့သူမရဲ့ဆက်ဆံရေးကရောဘယ်လိုဖြစ်မလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ပါတယ်။
Leave a Reply